ရွှေညောင်မြို့ကစာသင်ကျောင်းတွေ ရက်အကန့် အသတ်မရှိ ကျောင်းပိတ် ဟု ပြည်ဖျက် မီဒီယာများမှ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေ

ဒီဇင်ဘာ ၁၄

     “ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့ အမှတ်(၉)အထက်တန်းကျောင်းတွင် ကျောင်း မတက်ကြရန် လှုံ့ဆော်ထားသည့်စာရွက်များ အကပ်ခံရကြောင်းနှင့် ကျောင်းဝန်းထဲ ဗုံးတွေ့ တယ်ဟုဆိုကာ ကျောင်းတွေကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်သည်” ဟု ပြည်ဖျက်မီဒီယာအချို့မှ မဟုတ်မမှန်ကောလာဟလ သတင်းများ ဖြန့်ဝေရေးသားလျက် ရှိသည်ကို တွေ့ရှိရပါသည်။

      အဆိုပါသတင်းနှင့်ပတ်သက်၍ “ ကျောင်းများပိတ်ထားခြင်းမရှိပါကြောင်း၊ ကျောင်းဝန်း အတွင်း ဗုံးတွေ့ရှိသည်ဟုဆိုသည်မှာလည်း သတင်းအမှားသာဖြစ်ကြောင်း”ကို ရွှေညောင် မြို့နယ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

      အကြမ်းဖက်အားပေးမီဒီယာများသည် ယခု ကဲ့သို့ ကောလာဟလ သတင်းအမှားများ ထုတ်လွှင့်ကာ ကျောင်းသူကျောင်းသား၊ မိဘဆရာများ စိုးရိမ်ပူပန်မှုဖြစ်စေရန် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN