ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ငွေလွှဲ၊ ငွေထုတ်ဆိုင်တစ်ခုကို ဗိုလ်ကြီးတစ်ဦးနှင့်အပေါင်း အပါများက ဓားပြတိုက်မှုပြုလုပ်ခဲ့ကြောင်း ပြည်ဖျက်မီဒီယာ Myanmar News က သတင်းတု၊ သတင်းအမှား ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၁၄

      ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲနယ်မြေ မူယာပင်ရပ်၊ နယူးဒေးဆီဆိုင် အနီးရှိ ငွေလွှဲ၊ ငွေထုတ်ဆိုင်တစ်ခုကို ဒီဇင်ဘာလ ၁၂ ရက် မွန်းလဲ ၃ နာရီခန့်တွင် တပ်မတော်သားဗိုလ်ကြီးတစ်ဦးနှင့် အဖွဲ့က လာရောက်ဓားပြတိုက်ခဲ့ကြောင်း၊ အဆိုပါ တပ်မတော်သားဗိုလ်ကြီးတစ်ဦးနှင့် အဖွဲ့သည် အင်းမမြို့အခြေ စိုက် အမှတ်(၆၆) ခြေမြန် တပ်မဌာနချုပ်မှ ဖြစ် ကြောင်း သတင်းတု၊ သတင်းအမှားများအား လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

       အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်မဌာနချုပ်မှ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းမှုနှင့် တပ်တွင်းသတင်းအရင်းအမြစ်များအရ မှန်ကန်မှုမရှိ ကြောင်း သတင်းတု၊ သတင်းအမှားများသာဖြစ်ကြောင်း သိရှိရပါသည်။

       တပ်မတော်သည် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာများကို ကာကွယ်စောင့် ရှောက်လျက်ရှိရာ ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် တပ်မ တော်သားများအပေါ် ဒေသခံပြည်သူများမှ အထင် အမြင်လွှဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများအား လုပ်ကြံ ရေး သား၍ နေ့စဉ်ထုတ်လွှင့်လျက်ရှိခြင်း၊ နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်လာမည်ကို လိုလားမှုမရှိ‌သည့်အတွက် ပြည်သူများအား မဟုတ်မမှန် သတင်း များဖြင့် ကြောက်ရွံ့ထိတ်လန့်လာစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားနေခြင်း သာဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN