တရုတ်နိုင်ငံ မန်စီမြို့ နဲ့ ရန်ကုန်၊ မန္တလေးတိုက် ရိုက် ခရီးစဉ်ဒီဇင်ဘာလအတွင်း MNA လေ ကြောင်းက ပြေးဆွဲ ပေးနေပြီဖြစ်

ဒီဇင်ဘာ ၁၄

      တရုတ်နိုင်ငံ မန်စီမြို့နှင့်  ရန်ကုန်၊ မန္တလေး တိုက် ရိုက်လေကြောင်းလိုင်းခရီးစဉ်ကို ဒီဇင်ဘာ လအတွင်း ပြန်လည် ပျံသန်းပြေးဆွဲပေးလျက်ရှိသည်ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း MNA  မှ သိရပါသည်။

     အဆိုပါ ပျံသန်းပြေးဆွဲပေးမှုအရ ဒီဇင်ဘာလ ၁၂ ရက်၊ ၁၄ ရက်၊ ၁၆ ရက်တို့မှာ ရန်ကုန်မှတရုတ်နိုင်ငံ မန်စီမြို့သို့ နံနက်ပိုင်းအသွားခရီးကို ၁၂ နာရီခွဲအချိန်တွင် ထွက်ခွာမှာဖြစ်ပြီး၊ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံ မန်စီမြို့မှ ရန်ကုန်မြို့သို့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ထွက်ခွာမည်ဖြစ်ပြီး ဆိုက်ရောက်ချိန်မှာ ည ၈ နာရီ ၃၅ မိနစ်ဖြစ်သည်။မန္တလေးမှ တရုတ်နိုင်ငံ မန်စီမြို့သို့  နံနက်ပိုင်းအသွားခရီးမှာ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ထွက်ခွာမှာဖြစ်ပြီး ဆိုက်ရောက်ချိန်မှာ ညနေ ၅ နာရီ ၁၅ မိနစ်ဖြစ်ကာ၊ တရုတ်နိုင်ငံ မန်စီမြို့မှ မန္တလေးမြို့သို့ ညနေပိုင်း ၆ နာရီ ၁၅ မိနစ်တွင် ပြန်လည်ပြေးဆွဲပေးမှာ ဖြစ်ပါသည်။

      တရုတ်နိုင်ငံ မန်စီမြို့နှင့် ရန်ကုန်၊မန္တလေး တိုက် ရိုက်ခရီးစဉ်များကို ဒီဇင်ဘာလ ၅ ရက်မှစတင် ပြေးဆွဲနေခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်းအပတ်စဥ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များမှာ ပြေးဆွဲပေးလျက် ရှိနေပါသည်။ မန်စီမြို့မှမန္တလေးမြို့ကို ပျံသန်းမည့် လေ ယာဉ်ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားကို ၁,၅၈၈ ယွမ်သတ်မှတ်ထားပြီး မန်စီ- ရန်ကုန်ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခ ၁,၂၈၈ ယွမ်နှင့် ရောင်းချပေးမှာဖြစ်သည်ဟု ဇွန်လအတွင်း MNA လေကြောင်းလိုင်း၏ ကနဦး ထုတ်ပြန်ချက်များအရ သိရပါသည်။

#PAN