တမူးမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့တွင် အကြမ်း ဖက် PDF များ၏ အလောင်း၊ခဲယမ်းအချို့နှင့် Drone တို့အား သိမ်းဆည်းရမိ

ဒီဇင်ဘာ ၁၄

      ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှ အကြမ်းဖက်သောင်းကျန်းသူ PDF အင်အားစိစစ်ဆဲ အဖွဲ့နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားပြီး အကြမ်း ဖက် PDF များ ကစဥ်ကလျားဆုတ်ခွာ ထွက်ပြေးသွားခဲ့ရာ အဆိုပါ တိုက်ပွဲအပြီးတွင် အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ AK ကျည် ၁၀၂ တောင့်၊ ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၂ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

     အလားတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ နယ်၊ အင်ဖက်ရွာအနီးတွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDF များ မောင်းနှင်လာသော တရုတ်နိုင်ငံထုတ် ဆေးဖြန်း Drone ယာဉ် ၁စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ Drone Gun ဖြင့် ပစ်ချသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

#PAN