တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ၏ အဝေးသင်ဝင်ခွင့်စာရင်း ထုတ်ပြန်

ဒီဇင်ဘာ ၁၄

      တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအနေနှင့် ဒီဇင်ဘာလ ၁၁ ရက်မှ စတင်ပြီး အဝေးသင်ဝင်ခွင့်စာရင်းများကို သက်ဆိုင်ရာဒီဂရီ‌ကောလိပ်၊ တက္ကသိုလ်များမှာ ကြည့်ရှုနိုင်ပြီဖြစ်သည်ဟု ပညာ ရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါသည်။ ထို့အပြင် အဝေးသင်ဝင်ခွင့်စာရင်းများကို အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုနိုင်ကြောင်းလည်း အသိပေးထား သည်။

      ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအနေနှင့် သက်ဆိုင်ရာ ဒီဂရီ‌ကောလိပ်၊ တက္ကသိုလ်များတွင် ပထမနှစ်အဝေးသင်သင်တန်းဝင်ခွင့်ရရှိသူများစာရင်းကို ကြည့်ရှုနိုင်သည့်အပြင် အဆင့်မြင့်ပညာဦးစီးဌာန၏ ဝက်ဆိုဒ်တွင်လည်း ကြည့်ရှုနိုင်သည်ဟု သိရပါသည်။

      ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၆၁,၈၅၀ ဦးအနက် စာမေးပွဲဖြေဆိုအောင်မြင်သူ ၁၀၉,၈၅၀ ဦး ရှိခဲ့ပြီး တက္ကသိုလ်ဒီဂရီ‌ ကောလိပ်များအနက် အသက်မွေးဝမ်းကျောင်း‌ဆိုင်ရာ ဒီဂရီ‌ကောလိပ် တက္ကသိုလ်များကို နိုဝင်ဘာလမှာ ဖွင့်လှစ်ထားပါသည်။ ထို့အပြင် အဝေးသင် တက္ကသိုလ်၊ ဒီဂရီများကောလိပ်များကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ဝင်ခွင့်ရရှိသူများစာရင်းကို ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု သိရပါသည်။

#PAN