ဂါဇာဒေသမှ လူပေါင်း ၁,၀၀၀ ကျော်ကို တူကီယဲနိုင်ငံက ကယ်တင်ပြီးဖြစ်ဟု ဆို

ဒီဇင်ဘာ ၁၄

      အစ္စရေးနှင့် ဟားမတ်စ်တို့ ပဋိပက္ခစတင်ဖြစ်ပွားသည့် အောက်တိုဘာလ ၇ ရက်မှ စတင် ၍ တူကီယဲနိုင်ငံ သည် လူပေါင်း ၁,၀၄၇ ဦးကို ဂါဇာဒေသမှ ကယ် တင်ပြီး ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အွန်ကူ ကီဆဲယ်လီက ပြောသည်။ ကယ်တင်လာသူများကို ပထမဦးစွာ အီဂျစ်နိုင်ငံ မြို့ တော် ကိုင်ရိုသို့  ကားဖြင့် ခေါ်ဆောင်လာပြီးနောက် တူကီယဲနိုင်ငံသို့ လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည်ဟု ၎င်းက ပြောသည်။

       ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် စောင့်ဆိုင်းနေကြသည့် ဂါဇာဒေသမှ တူကီယဲနိုင်ငံသားများစာရင်းကို အချိန်နှင့် တစ်ပြေးညီ စာရင်းပြုစုနေပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆက်ပြော သည်။

    ဂါဇာဒေသသို့ရောက်ရှိနေသည့် တူကီယဲနိုင်ငံ သားများအား လုံခြုံစိတ်ချစွာ ကယ်တင်မှု အပြီးသတ် လုပ်ဆောင်နိုင်ရေး ဖြစ်နိုင်သမျှ မြန်မြန်လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟားမတ်စ်တို့ အလစ်ဝင်ရောက်တိုက် ခိုက်ခဲ့ပြီးနောက် ပြန်လည်လက် တုံ့ပြန်သည့်အနေဖြင့် အစ္စရေးတို့သည် ဂါဇာကမ်းမြောင်ဒေသတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ကျယ်ကျယ် ပြန့်ပြန့် လုပ် ဆောင်လျက်ရှိသည်။

       ပါလက်စတိုင်းနယ်မြေအတွင်း ပါလက်စတိုင်း သေဆုံးသူဦးရေမှာ ပဋိပက္ခ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ လူပေါင်း ၁၈,၄၀၀ ရှိပြီ ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထား သည်။

#PAN