ဒီဇင်ဘာ ၁၃
YBS ယာဉ်များတွင် QR Code စနစ်နှင့် မိုဘိုင်းလ်ဖုန်းမှ ယာဉ်စီးခများ ပေးချေနိုင်ရန် အက်ပလီကေးရှင်းတစ်ခုကို စီစဉ်နေသည်ဟု ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကော်မတီ YRTC မှ သိရပါသည်။ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကော်မ တီ YRTC ကနေပြုလုပ်သည့်အပတ်စဉ် လုပ်ငန်းကော်မတီများ တွေ့ဆုံပွဲတွင် YBS ယာဉ်စီးခကို QR Code စနစ်နှင့် ပေးချေနိုင်ရန် စီစဉ်ဆောင် ရွက်နေသည့် ASTI က တာဝန် ရှိသူက အဆိုပါစနစ်ကို ဒီဇင်ဘာလကုန် (သို့မဟုတ်) ၂၀၂၄ ခုနှစ်နှစ်ပိုင်းမှာ အသုံးပြုလို့ရမည် ဖြစ်ကြောင်း မိတ်ဆက် ပြောကြားခဲ့ပါသည်။
အဆိုပါ YBS ယာဉ်စီးခကို QR Code စနစ် နှင့် မိုဘိုင်းလ်ဖုန်းမှ ပေးချေနိုင်ရန် အက်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ MP ybs + App ကို Playstore မှာ Download ပြုလုပ်ရမှာဖြစ်ပြီး ယင်းမှတစ်ဆင့် ဝင်ရောက်အသုံး ပြုမှုများ ဆောင်ရွက်ပေးရမှာဖြစ်သည်ဟု ဆိုပါသည်။
လက်ရှိတွင် MP ybs + App ကို Playstore မှာ Download ပြုလုပ်နိုင်ပြီ ဖြစ်သော်လည်း ၎င်း App ကို အသုံးပြုပြီး ယာဉ်စီးခများကို QR Code နှင့် ငွေပေး ချေ၍ မရသေးကြောင်း သိရပါသည်။
YBS ကတ်အသုံးပြုသူများအနေနှင့် အဆိုပါအပလီကေးရှင်းတွင် ကတ်အတွင်းရှိ လက်ကျန် ငွေစစ် ဆေးခြင်း အပါအဝင် ငွေဖြည့်သွင်းခြင်း၊ ယာဉ်စီးခကျသင့်ငွေစစ်ဆေးခြင်းနှင့် ယာဉ်စီးခဲ့ငည့် အချိန်များကိုပါ စစ်ဆေးနိုင်သည်ဟု သိရပါသည်။ ဘတ်စ်ကားယာဉ်လိုင်းများကို စီးနင်းသူများအတွက် လက်ရှိတွင် YBS ကတ်ပေါင်း ၄ သိန်းနီးပါးကို ဖြန့်ချိထားပြီး ကတ်အသုံးပြုသည့် ရာခိုင်နှုန်းအနေဖြင့် ၅၀ ရာခိုင်နှုန်းရှိသည်ဟု သိရပါသည်။
#PAN