KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများက ကျောက်တံခါးမြို့နယ်အတွင်းမန္တလေး-ရန်ကုန် လူစီးရထားအား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ဒီဇင်ဘာ ၁၃

     အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် နိုင်ငံ တော်အစိုးရနှင့် တပ်မတော်၏ ထာဝရငြိမ်း ချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် လိုက်ပါဆောင်ရွက်ခြင်းမရှိသည့်အပြင် စစ်ရေးနှင့်မသက် ဆိုင်သော နိုင်ငံတော်ပိုင် အဆောက်အဦများနှင့် ပြည် သူလူထုပိုင်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက် ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

       ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက် ညနေ ၅ နာရီခန့်တွင် မန္တလေးဘူတာမှ ရန်ကုန်သို့ ထွက်ခွာလာသည့် စက်ခေါင်းမောင်း ဦးခင်မောင်သန်း မောင်းနှင်လာသည့် စက်ခေါင်းအမှတ် DF/2083 ၊ လူစီးရထားသည် ကျောက် တံခါးမြို့ အရှေ့တောင်ဘက် မီတာ ၇၅၀၀ ခန့်အကွာ ရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ် ၁၀၃ မိုင် ၂၄ ဖာလုံနှင့် ၁၀၄ မိုင် ၁ ဖာလုံ သို့ ဒီဇင်ဘာ ၁၃ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိစဉ် KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ရထားလမ်းဘေး ဘယ်/ညာမှ ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ရထားစက်ခေါင်းတွဲနှင့် ရထားတွဲ ၂ တွဲ လမ်းချော်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရထားပေါ်တွင် လိုက်ပါလာသော မီးရထားဝန်ထမ်းများနှင့်ခရီးသည်များ ထိခိုက်ဒဏ်ရရှိမှု မရှိကြောင်း
သိရှိရပြီး ရထားသံလမ်းများနှင့် ဇလီဖားတုံးများ ပြတ်တောက်ပျက်စီးခဲ့သည်။

      KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများအနေဖြင့် စစ်ရေးနှင့်မသက် ဆိုင်သော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အသုံးပြုသွားလာလျက်ရှိသော ရထားလမ်းအား ဖောက်ခွဲဖျက် ဆီးခဲ့မှုကြောင့် ဒေသခံပြည်သူလူထု၏ ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့ကို အခက်အခဲဖြစ်ပေါ်စေခဲ့သည်။

      အဆိုပါ မီးရထားလမ်း ပျက်စီးခဲ့သည့်နေရာအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN