ဥရောပဒေသက စီးပွားရေးပျက်ကပ်ဆီသို့ ဦး တည်နေဟု ဆို

ဒီဇင်ဘာ ၁၃

     ဥရောပဒေသအတွင်းရှိ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ခြောက်လဆက်တိုက် စီးပွားရေး တိုးတက်မှု မရှိသည့်အတွက် စီးပွားရေးပျက်ကပ်ဆီသို့ ဦးတည်နေကြောင်း Bloomberg သတင်းဌာနက ထုတ်ပြန်ထား သည်။ နောက်ဆုံး သုံးလပတ်ဖြစ်သည့် စက်တင်ဘာ လမှ ဒီဇင်ဘာလအတွင်း ဥရောပဒေသ၏ အသားတင်ကုန် ထုတ် လုပ်မှုတန်ဖိုး(ဂျီဒီပီ)မှာ ယခင်ခန့်မှန်းထား သည်ထက် သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကို တွေ့ရှိရ ကြောင်း သိရသည်။

      ဥရောပဒေသအတွင်း စက်မှုလုပ်ငန်းများမှ ထုတ် လုပ်မှုကျဆင်းခြင်းသည် စီးပွားရေးကျဆင်းရခြင်း၏ အဓိကအကြောင်းရင်း ဖြစ် ကြောင်း ဥရောပ စာရင်း အင်းရုံးက ထုတ်ပြန်ထားသည်။ ဥရောပဒေသရှိ နိုင်ငံများ အနက် ဂျာမနီနိုင်ငံမှာ ပြင်ပမှ ဝယ်လိုအားကျဆင်းမှု၊ ဘဏ္ဍာငွေ အကျပ်အတည်း မြင့်မားသည့် အတိုးနှုန်းများ၊ စွမ်းအင် အကျပ်အတည်းကြောင့် ရေ ရှည်ဖြစ်သည့် ဆိုးကျိုးများနှင့် ရင်ဆိုင်နေရသည့် အတွက် ၎င်း၏အခက်အခဲ မှာ ဥရောပဒေသ၏ စီးပွားရေးကျဆင်းမှုကို ဖြစ်ပေါ်စေခြင်း ဖြစ် ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရ သည်။

#PAN