အီတလီနှင့် ဂျူဗင်တပ် နောက်ခံလူဟောင်း ချီလီနီ အနားယူ

ဒီဇင်ဘာ ၁၃

အီတလီဂန္ထဝင်ကစားသမား ချီလီနီဟာ ကစားသမားဘဝကနေ အနားယူပြီလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ယူရို ၂၀၂၀ ချန်ပီယံအီတလီအသင်းရဲ့အသင်းခေါင်းဆောင်ချီလီနီဟာ (၂၃)နှစ်ကြာကစားသမားဘဝဖြတ်သန်းခဲ့ပြီးနောက် ယခုအခါမှာ အနားယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ခံလူ ချီလီနီဟာ ၂၀၂၂၊ ဇွန်လကတည်းက မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျယ်လိစ်အသင်းမှာကစားခဲ့သူဖြစ်ပြီး စနေနေ့က သူ့ရဲ့နောက်ဆုံးပွဲအဖြစ် Columbus Crew အသင်းကို ရှုံးနိမ့်ခဲ့တဲ့ မေဂျာလိဂ်ဖလားဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။

ချီလီနီဟာ ၂၀၀၀ ခုနှစ်မှာ လီဗော်နိုအသင်းနဲ့အတူ ကစားသမားဘဝစတင်ခဲ့ပြီး ဂျူဗင်တပ်အသင်းနဲ့အတူ အောင်မြင်မှုများရရှိခဲ့သူဖြစ်ပါတယ်။

သူဟာ အီတလီအသင်းကို ၂၀၂၀ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပြီး ဂျူဗင်တပ်မှာလည်း ၂၀၁၁ ကနေ ၂၀၂၀ အထိ စီးရီးအေချန်ပီယံ ၉ ကြိမ် ဆက်တိုက်ရရှိအောင် စွမ်းနိုင်ခဲ့ပါတယ်။