ဝါကြိတ်စက်ရုံ ၁၇ ရုံကို နှစ်ရှည်ငှားရမ်းဖို့ တင်ဒါခေါ်ယူထား

ဒီဇင်ဘာ ၁၃

     ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစား ပေးဆောင်ရွက်သည့် အနေနှင့် နိုင်ငံပိုင်ဝါကြိတ်စက်ရုံ ၁၇ ရုံကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ နှစ်ရှည်ငှားရမ်းပေးသွားမည် ဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှ သိရပါသည်။

      လက်ရှိတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲက ကြီးကြပ်ဆောင် ရွက်နေသည့် ဝါကြိတ် စက်ရုံ ၁၇ ရုံကို ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် နှစ်ရှည်ငှားရမ်းရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရပါသည်၊၊

       ယခုလို စီစဉ်ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးက ဝါကြိတ်စက်ရုံ ၈ ရုံ၊ မကွေး တိုင်းဒေသကြီးက ဝါကြိတ် စက်ရုံ ၇ ရုံနှင့် စစ် ကိုင်းတိုင်းဒေသကြီးက ဝါကြိတ်စက်ရုံ ၂ ရုံ စုစုပေါင်း ဝါကြိတ်စက်ရုံ ၁၇ ရုံကို ငှားရမ်းပေးသွားမည် ဖြစ်သည်ဟု ဆိုပါ သည်၊၊ 

       ထို့ပြင် တင်ဒါအဆိုပြုလွှာများကို စိုက်ပျိုး ရေးဦးစီးဌာနနှင့် ထောက်ပံ့ဖြည့်တင်းရေးဌာနခွဲ၊ နေပြည် တော်၌ ဒီဇင်ဘာလ ၁၂ ရက် မှ ၂၆ ရက်အထိ ရောင်း ချပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက်တွင် တင် ဒါပိတ်သိမ်းမှာ ဖြစ်သည်ဟု သိရပါသည်၊၊

#PAN