ဘိုင်ဒင်က ဒီမိုကရေစီအတွက် တကယ့် ခြိမ်း ခြောက်မှုဖြစ်ဟု ထရမ့်ပြော

ဒီဇင်ဘာ ၁၃

     လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဒီမိုကရေစီအတွက် တကယ့်ခြိမ်းခြောက်မှုဖြစ်ကြောင်း ရွေး ကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့် သည် လက်ရှိတွင် တရားရေးပြဿနာများနှင့် ရင်ဆိုင်နေရလျက်ရှိသော် လည်း ၂၀၂၄ ခုနှစ် သမ္မတရွေးကောက် ပွဲတွင် ပြန်လည်ပါဝင် ရွေးကောက်ခံနိုင်ရေးအတွက် ပြင်ဆင်နေကြောင်း The Wall Street Journal က ဖော်ပြထားသည်။

       လာမည့် ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် သာ အနိုင်ရသွားပါက အမေရိကန်နိုင်ငံအတွက် ခြိမ်း ခြောက် မှု ဖြစ်လာမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ၏ သတိပေးမှုကို ထရမ့်က ယခု ကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။ ထရမ့် က တကယ်တော့ သူဟာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘဲ ဒီမိုကရေစီကို ကယ် တင်မည့်သူ ဖြစ်ကြောင်းနှင့် ဂျိုးဘိုင်ဒင် ကသာ ဒီမိုကရေစီအတွက် ခြိမ်း ခြောက်သူအစစ်ဖြစ်ကြောင်း ပြော သည်။

      ထို့ပြင် ၎င်းအနေဖြင့် ရင်ဆိုင်နေရသော တရားရေးပြဿနာများသည် နိုင်ငံရေးအရသွေးထိုးမြှောက် ပင့်မှုများသာ ဖြစ်ကြောင်းနှင့် အကယ်၍ ၎င်းသာ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပါက ဂျိုးဘိုင်ဒင်ကိုလည်း တရားပြန်စွဲသွားမည် ဖြစ် ကြောင်း ထရမ့် က ဆက်လက်ပြောသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN