ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းကို အကြမ်း ဖက်သောင်းကျန်းသူ KNLA / PDF အဖွဲ့က သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ဦး ကျဆုံး

ဒီဇင်ဘာ ၁၃

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့ နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးကားလမ်း(ဟောင်း) မိုင်တိုင်အမှတ် (၁၂၀/၅)နှင့် (၁၂၀/၆) အကြားရှိ ညောင်ပင်သာနယ်မြေရဲစခန်းအား ယနေ့ နံနက် ၄ နာရီအချိန်ခန့်တွင် ခေါင်းဆောင်/အင်အား (စိစစ်ဆဲ) အကြမ်း ဖက်သောင်းကျန်းသူ KNLA/  PDF ပူးပေါင်းအဖွဲ့မှ ရဲစခန်း၏ အရှေ့ဘက်နှင့် မြောက်ဘက်မှ ဝင်ရောက်တိုက်ခိုက်ရာအပြန် အလှန် ပစ်ခတ်မှုဖြစ် ပွားခဲ့ပါသည်။

     အဆိုပါ ညောင်ပင်သာနယ်မြေရဲစခန်းတွင် ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များအပြင် နယ်မြေခံတပ်မှ လုံခြုံ ရေးပူးပေါင်းအဖွဲ့များ အခြေပြုလျက်ရှိပြီး ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများသည် သာလွန်အင်အားဖြင့်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သဖြင့် စခန်းအခြေ ပြုလုံခြုံရေးပူးပေါင်းအဖွဲ့သည် ရဲစခန်းဝန်း အနောက်ဘက်သို့ ခေတ္တဆုတ်ပေးခဲ့ပြီး စခန်းအနောက်ဘက်မှ ပြန်လည်ခုခံပစ်ခတ်ခဲ့သည်။

      နံနက် ၅ နာရီ ၅၀ မိနစ်အချိန်ခန့်  အကြမ်းဖက်သောင်းကျန်းသူများသည် ညောင်ပင်သာနယ်မြေရဲစခန်းအား မီးရှို့ဖျက်ဆီးခဲ့ပြီး ရဲစခန်း ၏အရှေ့ဘက် ညောင်ပင်သာ – ကညင်ဒိုင်းလမ်းအတိုင်း အင်ပင်သာကျေးရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

       နံနက် ၆ နာရီအချိန်ခန့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရဲစခန်းဝန်းအတွင်း ပြန်လည်အခြေပြုခဲ့ကြောင်း၊ ပစ် ခတ်မှုဖြစ်စဥ်တွင် ဒုရဲအုပ် တစ်ဦးနှင့်ရဲတပ်သား တစ်ဦးတို့ကျဆုံးခဲ့ပြီး မှီခိုဇနီး ဒေါ်ခင်မြတ်ကျော် တွင် ဝမ်း ဗိုက် ဗုံးစထိမှန် ဒဏ်ရာ တို့ရရှိခဲ့ကြောင်း သိရသည်။

#PAN