နိုင်ငံကူးလက်မှတ် အွန်လိုင်းဘိုကင်စနစ်ဖြင့်  လျှောက်ထားသူအရေအတွက် ၇ သိန်းကျော်အထိရှိလာ

ဒီဇင်ဘာ ၁၃

     အွန်လိုင်းမှတစ်ဆင့် နိုင်ငံကူးလက်မှတ်လျှောက် ထားသူအရေအတွက်မှာ  ၇ သိန်းကျော် ရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ သိရပါ သည်။ နိုင်ငံကူးလက်မှတ် လျှောက် ထားလိုသူများအနေနှင့် အွန်လိုင်းဘိုကင်စနစ်နှင့်လျှောက်ထားရန် ရက်ချိန်းရယူရပြီး လက်ရှိတွင် Online Appointment System ဖြင့် ရက်ချိန်းရယူ ထား သူတွေအနေနှင့် လာမည့် ၂၀၂၄ ခုနှစ် မေလ ၉ ရက် အထိ ရက်ချိန်းရယူထားကြပြီးဖြစ်သည်ဟု ဆိုပါသည်။

      အွန်လိုင်းဘိုကင်စနစ်နှင့် ရက်ချိန်းရယူထားသူ အရေအတွက် ၇၃၂,၀၀၀ ကျော် ထဲမှ တစ်ရက်ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ အရေအတွက်မှာ ၂၅၀၀ ဝန်းကျင်ရှိပြီး ရက်ချိန်းရရှိသည့်နေ့တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ အထောက်အထားများနှင့်တကွ လာရောက်လျှောက်ထားရမှာ ဖြစ်သည်ဟု သိရပါသည်။

      အွန်လိုင်းမှလျှောက်ထားမှုတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခအသစ်နှင့် သက်တမ်းတိုးအတွက် ၃၅,၀၀၀ ကျပ်နှင့် ပျောက်ဆုံး၊ ပျက် စီးလျှောက်ထားမှုအတွက် ၉၁,၀၀၀ ကျပ် ကျသင့်ပြီး  ပြည်ပတွင်စာအုပ်ပျောက်ဆုံး သူများအနေဖြင့် အမေရိကန်ဒေါ်လာ ၁၄၀ နှင့်ညီမျှသည့် မြန်မာကျပ် ငွေပေးချေရမည် ဖြစ် ကြောင်း မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးက ကြေညာထားပါသည်။

#PAN