နယ်မြေရဲစခန်းကို ​ဗုံးလာချသည့် ဒရုန်းကို ပစ်တဲ့အတွက် ပြန်လှည့်ကာ ဓာတ်အားခွဲရုံပေါ်​ပစ်ချခဲ့သည့်အတွက် မြဝတီမီးပျက်နေ

ဒီဇင်ဘာ ၁၂

KNU/ KNLA နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများမှ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာရှိ သင်္ကန်းညီနောင်နယ်မြေရဲစခန်းပေါ်သို့ ဗုံးလာချရန်​ ဒရုန်းတစ်စင်း ပျံသန်းလာသည့်အတွက် တပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

KNU/ KNLA နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများ၏ ဒရုန်းမှာ ယနေ့ ည ၉း၄၅ အချိန်ခန့်တွင် ပျံသန်းရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ပစ်ခတ်မှုကြောင့် ဒရုန်းမှာ ပြန်လှည့်ကာ သင်္ကန်းညီနောင်ဓာတ်အားခွဲရုံဘက်သို့ပျံသန်းသွားကာ ဓာတ်အားခွဲရုံပေါ်သို့ ဗုံးပစ်ချခဲ့ကြောင်း သိရသည်။

သင်္ကန်းညီနောင်ဓာတ်အားခွဲရုံသို့ အကြမ်းဖက်သောင်းကျန်းသူများမှ ဗုံးပစ်ချခဲ့သည့်အတွက် မြဝတီမြို့နယ် တစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်နေပြီး ​ဗုံးပစ်ချခံရသည့် ဓာတ်အားခွဲရုံမှာ မည်မျှပျက်စီးသွားသည်ကို မသိရှိရသေးပါ။

#PAN

Telegram link

https://t.me/positiveanglenews