ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံနှင့် နယ်စပ်အနီးတွင် စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိဟု ပြော

ဒီဇင်ဘာ ၁၃

      ထိုင်းနှင့် အာရှတွင် ဒုတိယအများဆုံး မက်သာဖက်တမင်း ဆေးပြား သန်း ၅၀ ကို ထိုင်းနှင့် မြန်မာ နယ်စပ်တွင် ဖမ်းမိခဲ့ကြောင်း ထိုင်းအာ ဏာပိုင်များက ပြော သည်။

      Kanchanaburi ၏ Thong Pha Phum ခရိုင်လမ်း ဆုံတွင် ညနေ ၃ နာရီ ၃၀ မိနစ်တွင် ပြန်လည်အသုံးပြုနိုင်သည့် အမှိုက်အိတ်များ တင်ဆောင်လာသည့် ခြောက်ဘီးထရပ်ကားကို စုံတွဲတစ်တွဲ မောင်းနှင်ရန် ကြိုးပမ်းစဉ် မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း တွေ့ရှိခဲ့သည်။

      အဆိုပါစစ်ဆေးရေးဂိတ်အား Suranaree Task Force မှ ဝန်ထမ်းများ၊ Thong Pha Phum ရဲစခန်းနှင့် ခရိုင်တာဝန်ရှိသူများမှ ကြီး ကြပ်ဆောင်ရွက်ခဲ့ပါ သည်။

      ယာဉ်မောင်းမှာ အသက် ၃၀ အရွယ် Pitiphan ဟု အမည်ရသည့် ယာဉ်မောင်းမှာ အရက်မူးနေကြောင်း တာဝန်ရှိသူများက သတိပြုမိခဲ့သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုတွင် အပေါင်း လက္ခဏာပြသည့် လမ်းဘေးဆီးစစ်မှုခံယူရန် တောင်းဆိုခဲ့သည်။

      ထို့နောက် စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများက ကုန်တင်ကားကို စတင်ရှာဖွေခဲ့ရာ အမှိုက်အိတ်များအတွင်း ဝှက်ထားသော မက်သာဆေးပြားထုပ်များကို တွေ့ရှိခဲ့သည်။ ကုန်တင်ကားကို သောင်ဖဖွမ်း ရဲစခန်းတွင် ဆက်လက်စစ်ဆေးရန် ထိန်းသိမ်းထားစဉ် Pitipan နှင့် ၎င်း၏ ဇနီး Pornsiri ၂၄ နှစ်တို့ကို ဖမ်းဆီးခဲ့သည်။ ရဲစခန်းတွင် ရှာဖွေမှုအတွင်း စိတ်ကြွဆေးပြားများ ထပ်မံတွေ့ရှိခဲ့သည်။ အမှိုက်များကြားတွင် ဆေးပြား သန်း ၅၀ ခန့် ဝှက်ထားကြောင်း တာဝန်ရှိသူများက ခန့်မှန်းထားသည်။

     Chulalongkorn တက္ကသိုလ်၏ မူးယစ်ဆေးစွဲမှုလေ့လာရေးစင်တာ၏ အစီရင်ခံချက်အရ ဘန်ကောက်ရှိ စိတ်ကြွဆေးပြားများ၏ အနိမ့်ဆုံးဈေးသည် ဘတ် ၃၀ ဝန်းကျင်ဖြစ်ပြီး အင်္ဂါနေ့က သယ်ယူလာမှုမှာ ဘတ် ၁.၅ ဘီလီယံအထိ တန်ကြေးရှိသည်ဟု ဆိုသည်။

     အာရှတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများနှင့်ပတ် သက်ပြီး ရွှေတြိဂံဒေသအနီးရှိ လာအိုနိုင်ငံတွင် မက်သာဖီတမင်းဆေးပြား (၅၅)သန်း ဖမ်း ဆီးရမိခဲ့ပြီးနောက် ယခုတစ်ကြိမ်ဖမ်းဆီးရမိမှုမှာ ဆေးပြားပမာဏ ဒုတိယအများဆုံး ဖမ်းဆီးရမိမှုတစ်ခုဖြစ် ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာရုံး၏ အရှေ့တောင်အာရှဒေသ ဆိုင်ရာကိုယ် စားလှယ် ဂျယ်ရမီဒေါက်ကလပ်စ်က ပြောကြားခဲ့သည်။

    ဂျယ်ရမီဒေါက်ကလပ်စ်က “အာရှမှာရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မှာ ထုတ်လုပ်တဲ့ မက်သာဖီတမင်းဆေးပြားတွေကို မှောင် ခိုကူးဖို့အတွက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပြီးတော့ ဖြန့်ဖြူးရေးကွန်ရက်တွေဟာ ဂျပန်နဲ့ နယူးဇီလန်နိုင်ငံတို့ထိ ရောက်ရှိ သွားပါပြီ။ ဆေးပြား ထုတ်လုပ်မှုတွေက တိုးလာပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ရာဇ ဝတ်ဂိုဏ်းတွေ ဟာ အရင်ကလည်း အတူတူပူးပေါင်းဆောင်ရွက်ခဲ့ဖူးကြပါတယ်” ဟု ပြောခဲ့သည်။

      ထိုင်းနိုင်ငံက နယ်ခြားစောင့်တပ်တွေ အရှိန်မြှင့်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ဥပဒေကို တင်းတင်းကျပ်ကျပ် ကြေငြာလိုက်သည့်အတွက် မက်သာဖီတမင်းဆေးပြား တပြားထက်ပိုသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သူတဦးကို ထောင်နှင့် ရင်ဆိုင်ရဖွယ် ရှိပါသည်။

#PAN