ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊နန်းမြင့်ကျေးရွာတွင် စျေးဆိုင်ဖွင့်လှစ်ရောင်းချနေသော သာမန်ပြည်သူ နှစ်ဦးကို ယနေ့ မွန်းလွဲ ပိုင်းတွင် အကြမ်းဖက်သမား PDF များက နေအိမ်စျေးဆိုင်အတွင်း ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း သိရပါသည်။
တောင်သာမြို့နယ်၊နန်းမြင့်ကျေးရွာနေ ဦးဘထိုက်၊ ၅၃နှစ်၊(ဘ)ဦးပြူး၊ ဇနီးဖြစ်သူ ဒေါ်စန်းအေး၊ ၄၅နှစ်၊(ဘ)ဦးဘိုကြည်၊စျေးရောင်းနှင့်သားဖြစ်သူ မင်းမင်းထွန်း၊၁၇နှစ်၊(ဘ)ဦးဘထိုက်၊စျေးရောင်းတို့အတူရှိနေစဥ် ယနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သမား PDF ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် သေနတ် တို/ရှည်များ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး သားအဖ ၃ ဦးအား ဒူးထောက်ခိုင်း၍ ပျူအဖွဲ့များကို စျေးရောင်းနေတယ် ဟုဆိုကာ ဇနီးဖြစ်သူနှင့် သားဖြစ်သူအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဒေါ်စန်းအေးတွင် ဝဲ-လက် ကောက်ဝတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-နား ထင် ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ယာ-လက်ဖျံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ မင်းမင်းထွန်းတွင် ဝဲ-လက်ဖျံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်စေ့မှဖောက်ဝင်၍ ရှေ့နဖူး ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း နေအိမ်အတွင်း မှောက်လျက်အနေအထားဖြင့် သေ ဆုံးခဲ့ကြောင်း သိရပါသည်။
အဆိုပါ အကြမ်းဖက်သမား PDF များက ဦးဘထိုက်အား ” ခင်ဗျား အေးအေးဆေး ဆေးနေ၊စျေးထပ်ရောင်းရင် ခင်ဗျားပါ သတ်ပစ်မယ် ” ဟု ပြောဆိုပြီး နေအိမ်အတွင်းမှ DAYAN အမျိုးအစား ဆိုင်ကယ်အားယူဆောင်ကာ ကံဆင့်ကျေး ရွာဘက်သို့ ထွက်သွားကြောင်း သတင်းရရှိပါ သည်။
#PAN