တီမောလက်စ်တေနိုင်ငံ သမ္မတ၏ ပြောဆိုချက်များမှာ သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးနှင့် အချုပ်အခြာအာဏာကို ဖောက်ဖျက်ရာကျပြီး NUGအငှားသဘောမျိုးဖြစ်သောကြောင့် သမ္မတဈေးကျဟု ဝါရင့်နိုင်ငံရေးသမားကြီးကပြော

ဒီဇင်ဘာ ၁၃

     တီမောလက်စ်တေနိုင်ငံ သမ္မတ၏ ပြောဆိုချက်များမှာ သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးနှင့်အချုပ် အခြာအာဏာကို ဖောက်ဖျက်ရာကျပြီး NUGအငှားသဘောမျိုးဖြစ်သောကြောင့် သမ္မတဈေးကျဟု ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်သူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

       မြန်မာ့တပ်မတော်သားများအနေဖြင့် တပ်မ တော်လက်အောက်ကထွက်ခွာကြရန် တီမောလက်စ်တေနိုင်ငံသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ဗီဒီယိုမိန့်ခွန်းဖြင့် တိုက်တွန်းခြင်းအပေါ် ၎င်းက အထက်ပါအတိုင်းမှတ်ချက်ပြု ပြောဆိုလိုက်ခြင်းဖြစ်သည်။ “အစိုးရအချင်းချင်းဆက်ဆံရေးကို ဖောက်ဖျက်ရာကျတာပေါ့၊ သူတစ်ပါးနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ အချုပ်အခြာ အာဏာကို ဖောက် ဖျက်ရာကျတာပေါ့။ အကယ်၍ ရိုးရိုးအရပ်သားတစ်ယောက်၊ နိုင်ငံရေးအာဏာမရှိဘူး၊ သမ္မတလည်းမဟုတ်ဘူး၊ ဝန်ကြီးချုပ်လည်း မဟုတ်ဘူး၊ အလွတ်သဘောမျိုး ပြောကြတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ အခုက သူကတာဝန်ရှိတဲ့ အစိုး ရလည်းဖြစ်တယ်၊ သမ္မတလည်းဖြစ်တယ်။ နိုင်ငံအချင်း ချင်း စောင့်ထိန်းရမယ့်ဟာကိုတော့ နား လည်ရမှာပေါ့။ ပြောတာတော့ နည်းနည်းများ သွား တယ်လေ။ ဒါကြောင့် သူဒီလို လုပ်ပုံလုပ်နည်းက အနည်းဆုံးသူပြောရမှာက အာဆီယံမူလောက်ကို ထောက်ခံတယ်။ အာဆီယံမူလောက်ကို လိုက်လုပ်ပေးဖို့လိုတယ်လောက် တိုက်တွန်းရင်တော်သေးတယ်လေ။ အခုကတော့ ရဲဘော်တွေအားလုံး လက်နက်ချကြ ဘာလုပ်ကြဆိုတော့ သူက NUG အစိုးရအဖွဲ့ဝင် တစ်ယောက်လိုပြောသလိုဖြစ်နေတယ်။ သူ့ကိုယ်သူ ဈေးချသလို ဖြစ်တယ်။ NUG အငှားဘက်က ပြောသလိုဖြစ်သွား တော့ သူ့ခမျာလည်း နိုင်ငံအကြီးအကဲ သိက္ခာကျ တာပေါ့။ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် မဖြစ်သင့်တဲ့ဟာပါ ”ဟု ၎င်းက ပြောသည်။

      ပြည်ပြေးလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့ စည်းထားသော NUG ကို နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

       သို့သော်လည်း တီမောလက်စ်တေနိုင်ငံအစိုးရအနေဖြင့် NUG နှင့်တွေ့ဆုံခဲ့သောကြောင့် တီမောလက်စ်တေနိုင်ငံ၏တာဝန်မဲ့လုပ်ရပ်ဖြစ်သောကြောင့် မြန်မာ နိုင်ငံရှိ တီမောလက်စ်တေသံရုံးတာဝန်ခံကို မြန်မာနိုင်ငံအတွင်းက ထွက်ခွာသွားရန် ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်နေ့က အစိုးရက စက်တင်ဘာလ ၁ ရက်ထက် နောက်မကျစေဘဲ မြန်မာနိုင်ငံကထွက်ခွာသွားရန် အမိန့်ထုတ်ခဲ့သည်။

        မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တီမောလက်စ်တေနိုင်ငံသည် မြန်မာနိုင်ငံအတွင်း အကြမ်း ဖက်လုပ်ရပ်များ ဆက်လက်ကျူးလွန်ရန် အကြမ်း ဖက်အုပ်စုကို တိုက်တွန်းအားပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ “သူက အလံဖြူထောင်ဖို့ သဘောမျိုးသက် ရောက်တဲ့စကားကို အခုလို ပြောဆိုတာဟာ တကယ့်အကြမ်းဖက်အစစ်ဖြစ်သွားပြီ။ တကယ်လို့သာ အာဆီယံမှာ သူလေ့လာသူအဖြစ် တက်ခဲ့တယ်ဆိုရင် သူ့ကို ကန့်ကွက်လို့ရတယ်။ အခုလို ပြောဆိုလိုက်တာကြောင့် အာဆီယံမှာ မှတ်တမ်းဝင်ဖြစ်သွားပြီ။ သမိုင်းမှာ အကြမ်းဖက်ဆိုတာ မှတ်တမ်းဝင် သွားပြီ။ တီမောဆိုတာ ပထဝီအနေအထားအရ မြန်မာနိုင်ငံနဲ့ ဆက်စပ်မှုမရှိတဲ့နိုင်ငံပါ။ နိုင်ငံသေးသေးလေးပါ။ တကယ့်ကို မြေ မျက်နှာပြင် မဆက်စပ်တဲ့၊ ဘာသာအယူအဆလည်း မတူတဲ့နိုင်ငံပါ၊ အာဆီယံနိုင်ငံတွေထဲမှာ အဖွဲ့ဝင်နိုင်ငံတောင်မဖြစ်သေးဘူး။ ဒါက အားလုံးဝိုင်းပြီး ကန့် ကွက်သင့်တယ်”ဟု လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ဖူး သူတစ်ဦးက ပြောသည်။ တီမောလက်စ်တေနိုင်ငံ သည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ အဖွဲ့ဝင်
နိုင်ငံဖြစ်လာရန် မျှော်လင့်နေသော နိုင်ငံဖြစ် သည်။

#PAN