ဂါဇာကမ်းမြောင်ဒေသအရေးနှင့်ပတ်သက်၍ ပူတင်နှင့် နေတန်ယာဟု ဆွေးနွေး

ဒီဇင်ဘာ ၁၃

     ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် ပတ်သက် ၍ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစ္စရေးဝန်ကြီး ချုပ် နေတန်ယာဟုတို့အကြား တယ်လီ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်နန်းတော်က ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

      “၎င်းဆွေးနွေးမှုအတွင်း ပါလက်စတိုင်း – အစ္စရေး ပဋိပက္ခဇုန်အတွင်းရှိ အခြေအနေနှင့် ဂါဇာဒေသရှိ လူသားချင်းစာနာမှုအခြေအနေများကို အဓိကထားဆွေးနွေးခဲ့သည်” ဟု ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။

       ဂါဇာဒေသရှိ အရပ်သားများ၏ အခက်အခဲများကို လျော့ပါးသက်သာစေရန်နှင့် ပဋိပက္ခ အရှိန် လျော့ ကျစေရန် အတွက် အကူအညီများအားလုံးကို ပံ့ပိုးပေးရန် ရုရှားက အဆင်သင့်ရှိကြောင်း ကရင်မလင်က ပြောကြားသည်။

       ဂါဇာဒေသရှိ ရုရှားနိုင်ငံသားများနှင့် ၎င်းတို့ ၏ မိသားစုများကို ကယ်တင်ရွှေ့ပြောင်းပေးရေးအပြင် ဂါဇာတွင် ထိန်းသိမ်းခံထားရသော အစ္စရေးနိုင်ငံသားများ လွှတ်ပေးရေးတို့အပေါ်တွင်လည်း အစ္စရေးနှင့် ရုရှားနိုင်ငံအကြား အပြန် အလှန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

#PAN