ရွှေတိဂုံစေတီတော်၏ ဝင်ကြေး၊ အလှူငွေ အမေရိကန်ဒေါ်လာသန်း ၂၀ ကျော်နှင့် ဗိုလ်တထောင်စေတီ၏အလှူငွေနှင့်ဝင်ကြေး အမေရိကန်ဒေါ်လာများကို အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့သည်ဟု သတင်းတု၊ သတင်းမှားများ ဝါဒဖြန့်ရေးသားနေ

ဒီဇင်ဘာ ၁၂

      ရွှေတိဂုံစေတီတော်ကြီးသို့  လှူဒါန်းထားသော အလှူငွေများနှင့် ဝင်ကြေးများမှ ဘဏ်များတွင် အပ် ငွေအဖြစ် အပ်နှံထားသော အမေရိကန်ဒေါ်လာများကို တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးဖြတ် သိမ်းယူပြီး မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေး ခဲ့ကြောင်း၊ ထို့အတူ  ဗိုလ်တထောင်စေတီ၏ အလှူငွေနှင့်ဝင်ကြေး အမေရိကန်ဒေါ်လာ များကိုလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုး ဖြတ်၍ မြန်မာ ကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ကြောင်း ဂေါပကအဖွဲ့၊ ဘဏ္ဍာရေးနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်ဟု လုပ်ကြံသတင်းတုများအား တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit မှ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

       အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် Khit Thit Meida မှ ဘာသာရေးဆိုင်ရာ စေတီပုထိုးများနှင့် ပတ်သက်၍ မဟုတ်မမှန်ဝါဒ ဖြန့်ချိမှုများ ပြုလုပ်ခြင်းဖြစ်ပြီး  သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။ 

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများ၊ လုပ်ကြံသတင်းများကို နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန် နှင့် ပြည်သူများမှ အထင် အမြင်လွဲမှားစေရန် ရည်ရွယ် ချက်ရှိရှိ သွေးထိုးလှုံ့ ဆော်ကာ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN