ဗန်းမော်နှင့် တောင်ကြီးမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၁၁

      မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ဗန်းမော်မြို့ ရွှေပြည်သာရပ်ကွက်တွင် မကိုင်ထန်မောင်းနှင်ပြီး မခေါင်နန်း လိုက်ပါလာသည့် မော်တော်ဆိုင် ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီတွင် တောင်ကြီးမြို့ သစ်တောရပ်ကွက်တွင် မသင်္ကာဖွယ် တွေ့ရှိသူ ဟိန်းထွန်း(ခ)ဖိုးခွားကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN