ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်(စ)ရပ်ကွက်၅၇လမ်း၁၂၆လမ်းဒေါင့်ရှိ ရွှေဧရာတည်းခိုခန်းတွင် အဆောင်နေထိုင်သူအမျိုးသမီးတစ်ဦးသည် ယနေ့ နံနက် ၁ နာရီချိန်ခန့်တွင် တည်းခိုခန်းအပေါ်ဆုံးထပ်မှ ခုန်ချခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ရွှေဧရာတည်းခိုခန်းတွင် အဆောင်နေထိုင်သူ မနွယ်နီထွန်း အသက် ၂၁ နှစ်ရွယ်ရှိသူသည် တည်းခိုခန်းအပေါ်ဆုံးထပ်မှ ခုန်ချရာ နေရာတွင်ပေါင်ကျိုးဒဏ်ရာရရှိ၍ ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ရာ ဆေးရုံသို့အရောက်တွင်သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူသည် မည်သည့်အတွက်ကြောင့် သေဆုံးသည်ကို သိရှိရခြင်း မရှိသေးကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှလည်း လမ်း၈၀/ ၂၉လမ်းရှိ ခုနှစ်လွှာတိုက်ပေါ်မှ လူငယ်တစ်ဦးသည် မှော်မှိုပွင့်အလွန်ကျွံစားသုံးမိရာမှ ထင်ယောင်ထင်မှားဖြစ်ကာ စိတ်လွတ်ကိုယ်လွတ် ခုန်ချသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
#PAN
Telegram Link