ဒီဇင်ဘာ ၁၀
• အိမ်ကွင်းနိုင်ပွဲဆက်နေသေးတဲ့ ဗီလာအသင်း
ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဗီလာအသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ ဗီလာအသင်းက တစ်ဂိုး၊ ဂိုးမရှိနဲ့ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အိမ်ကွင်းနိုင်ပွဲဆက်နေတဲ့ ဗီလာအသင်းဟာ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အိမ်ကွင်း ၁၅ ပွဲ ဆက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိရာသီမှာ ဗီလာအသင်းဟာ အိမ်ကွင်းအကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေပြီး ၎င်းရဲ့နောက်မှာ လီဗာပူးလ်အသင်းက ၇ ပွဲ၊ နယူးကာဆယ်အသင်းက ၆ ပွဲနဲ့ ရပ်တည်နေပါတယ်။
အခုနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ အမှတ်ဇယားအဆင့်(၂)ကို ပြန်လည်ရောက်ရှိခဲ့ပြီး ဗီလာအသင်းက အဆင့်(၃)မှာ ရပ်တည်နေပါတယ်။
• VAR ကို ကော်ဝဲလ် ပြစ်တင်
ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ပွဲစဉ်မှာ VAR ဆုံးဖြတ် ချက်ကို ချဲလ်ဆီး နောက်ခံလူ ကော်ဝဲလ် က ဒေါသထွက်နေပါတယ်။ မန်ယူအသင်းရဲ့အနိုင်ဂိုးဟာ သူ့ကိုပြစ်ဒဏ်ကျူးလွန်ပြီးမှ သွင်းယူ ခဲ့တာလို့ ကော်ဝဲလ် က ယုံကြည်နေတာဖြစ်ပြီး VAR က ချဲလ်ဆီးကို အမြဲတမ်းဆန့်ကျင်နေတယ်ဆိုပြီးလည်း ကော်ဝဲလ် က ပြောခဲ့ပါတယ်။
ကော်ဝဲလ် က VAR ဟာ ချဲလ်ဆီးအသင်းကို ဆန့်ကျင်နေသလို ဘရိုက်တန်အသင်းနဲ့ပွဲတုန်းက ပယ်နယ်တီ ပေးချင်ခဲ့တယ်။ အခု မန်ယူအသင်းနဲ့ပွဲမှာလည်း တွမ်မီနေး က သူကို ဆွဲလှဲခဲ့ပေမယ့် အရေးမယူခဲ့ပါဘူး။ ဒါကြောင့် VAR ကို အတော်စိတ်ပျက်နေပြီလို့ ပြောကြားလိုက်ပါတယ်။
• အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်ယူ အသင်း
ပရီးမီးယားလိဂ်ပွဲစဥ် ၁၆ ပွဲအဖြစ် ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ဘုန်းမောက်အသင်းတို့ ပွဲစဉ်မှာ ဘုန်းမောက် အသင်းက အိမ်ရှင်မန်ယူအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
မန်ယူအသင်းဟာ အခုရှုံးပွဲကြောင့် အမှတ် ပေးဇယား အဆင့်(၆)မှာ ရမှတ် ၂၇ မှတ်နဲ့ ရပ် တည်နေပါတယ်။ မန်ယူအသင်းဟာ ယခုရာသီပြိုင်ပွဲစုံ(၂၄) ပွဲကစားထားရာမှာ (၁၁)ပွဲမြောက်ရှုံးပွဲ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
မန်ယူအသင်းနည်းပြ တန်ဟက် က မန်ယူအသင်းက ချဲယ်ဆီးအသင်းကို အသာစီးရယူကာ အနိုင်ကစား နိုင်ခဲ့ပေမယ့် ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရလို့ တည်ငြိမ်မှုကင်းမဲ့လွန်းတယ်ဆိုပြီး ပြစ်တင် ပြောဆိုခဲ့ပါတယ်။
• ဆာလတ် ရဲ့ ပွဲ ၂၀၀ ပြည့်မှတ်တမ်းနဲ့ အောင် ပွဲခံခဲ့တဲ့ လီဗာပူးလ်အသင်း
ပရီးမီးယားလိဂ်ပွဲစဥ်(၁၆) ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းက ၂ ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အခုပွဲစဉ်မှာ လီဗာပူးလ်အတွက် ချေပဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်ကစားသမား ဆာလာ ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၂၀၀ ပြည့်မြောက်ခဲ့သလို ဂိုး ၂၀၀ ပြည့်တဲ့ ငါးဦးမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ထို့ပြင် ပရီးမီးယားလိဂ်သွင်းဂိုး ၁၅၀ ပြည့်မြောက်တဲ့ ပထမဆုံး အာဖရိကကစားသမား ဖြစ်လာခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာ သွင်းဂိုးအများဆုံး ထိပ်ဆုံး ၁၀ ဦးစာရင်း ဝင်ခဲ့ပါတယ်။
အခုနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းဟာ အမှတ်ဇယားထိပ်ဆုံးမှာ ရမှတ် ၃၇ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
#PAN