ဂါဇာအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာ ဖြင့် ပယ်ချ

ဒီဇင်ဘာ ၁၀

       ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက် ထားမှုအတွက် ချက်ချင်းအပစ်အခတ်ရပ်စဲရေးတောင်း ဆိုလိုက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်သည်။

      ယူအေအီးနိုင်ငံက တင်သွင်းသော ဆုံးဖြတ် ချက်မူကြမ်းကို ဒီဇင်ဘာလ ၈ ရက်က မဲခွဲဆုံး ဖြတ်ခဲ့ရာ ဂျပန်၊ ပြင်သစ်အပါအဝင် အခြားသော လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ဗြိတိန်နိုင်ငံကမူ ကြားနေအဖြစ် ရပ် တည်ခဲ့သည်။

       ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ချက်ချင်း အပစ်အခတ်ရပ်စဲ ရေးကို တောင်းဆိုရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဒီဇင်ဘာလ ၇ ရက်က တိုက်တွန်းခဲ့သည်။

      သို့သော်လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံက အလှည့်ကျကိုယ်စားလှယ် ရောဘတ်ဝုဒ် ကမူ သဘောမတူဘဲ ချက်ချင်းအပစ်အခတ်ရပ်စဲရေးသည် လာမည့်စစ်ပွဲအတွက် မျိုးစေ့များကိုသာ စိုက်ပျိုးသလို ဖြစ်မည်ဟု ဆိုသည်။အစ္စရေးနှင့်ပါလက်စတိုင်း နှစ်နိုင်ငံလုံးအတွက် ငြိမ်းချမ်းရေးကိုသာ အမေရိကန် ပြည်ထောင်စုက အခိုင်အမာထောက်ခံကြောင်း ၎င်းက ထပ် လောင်းပြောကြားသည်။

       ကုလသမဂ္ဂ၏အဆိုအရ အစ္စရေး၏ စစ်ဆင် ရေးစတင်ချိန်မှစ၍ ပါလက်စတိုင်း ၁၇,၀၀၀ ကျော်တွင် အမျိုးသမီး ၄,၀၀၀ ကျော်နှင့် ကလေး ၇,၀၀၀ ကျော်တို့ သေဆုံးခဲ့ရမှုများရှိကြောင်း၊ ထို့အတူ လူထောင် ပေါင်း များစွာ ဒဏ်ရာရခဲ့ပြီး အများအပြားပျောက်ဆုံးနေသည့်အပြင် ဂါဇာတွင် နေထိုင်သူများသည် စားနပ်ဘရိက္ခာ ပြတ်လပ်နေကြောင်း ဂူတာရက်စ် က သတိ ပေးပြောကြားခဲ့သည်ကို NHK သတင်းဌာနက ဖော်ပြထားသည်။

#PAN