ဒီဇင်ဘာ ၁၀
ဒီဇင်ဘာ ၈ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာတွင် အကြမ်းဖက်သောင်း ကျန်းသူ KTLA /PDF အဖွဲ့များ အင်အားအများအပြားရောက်ရှိနေခဲ့ကြောင်း၊ ကော့ကရိတ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ချောင်းတောင်အထကခွဲတွင်အကြမ်းဖက်သောင်းကျန်း သူများ ဒဏ်ရာရသူ ၃၀ ဦးခန့်ရှိနေကြောင်း၊အကြမ်းဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့မြောက်ဘက် အမှတ်(၇)ရပ်ကွက်ရှိ ၀ါဆိုဦးကျောင်းထိုင်ဆရာတော်နှင့် ဘုန်းကြီးတစ်ပါးကို ဖမ်း ဆီးခေါ်ဆောင်သွားပြီး လူ၀တ်လဲခိုင်းကာ ပြန်လွှတ် ပေး၍ ဘေးလွတ်ရာသို့ သွားခိုင်းကြောင်း၊ အကြမ်း ဖက်သောင်းကျန်းသူများသည် တံတားဦး ပဒုမ္မာလမ်းဘက်ရှိနေအိမ် ၈ လုံးအားမီးရိူ့ခဲ့ပြီး မီးရှို့ခဲ့သည့် နေ အိမ်မှာ အကြမ်းဖက်သောင်းကျန်းသူများက ပစ်မှတ်ထားသောနေအိမ်များကို မီးရိူ့ထားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
ယမန်နေ့ ညနေပိုင်းတွင် အကြမ်းဖက်သောင်း ကျန်းသူများသည် ကော့ကရိတ်မြောက်ဘက် အမှတ် (၇)ရပ်ကွက်၊ ဂိတ် ၃ အနီးရှိ နေအိမ်များအား မီးရိူ့ခဲ့ကြောင်း၊ တဆက်တည်း ချောင်း ဦးစေတီနားဖက်မှ နေအိမ်များကိုလည်း မီးရိူ့ထားခဲ့ကြောင်း၊ အမှတ်(၁) ရပ်ကွက်၊ ချောင်းတောင်တွင် နေထိုင်သော စစ်မူထမ်းဟောင်း ဦးလှသိန်းအား အကြမ်းဖက်သောင်းကျန်းသူများကလာရောက်ဖမ်းဆီးရာ အဖမ်းမခံပဲပြန်လည်ခုခံခဲ့ရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရပါသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ဘားအံနှင့် ကော့ကရိတ်မြို့ကိုဆက်သွယ်ထားသော ကျုံဒိုး၊ ဂျိုင်းတံတားနှင့် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်ကိုဆက်သွယ်ထားသော ဂျိုင်းတံတား (ဇာသပြင်)တို့ကို စစ်ကူမလာနိုင်အောင်ဖြတ်တောက်ပြီး မိုင်းခွဲရန် စီစဥ်နေကြောင်း ၎င်းအကြမ်းဖက်အဖွဲ့နှင့် နီးစပ်သူ ဒေသခံများထံမှ သိရှိရပါသည်။
#PAN