အီရန်နှင့်ရုရှား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်ဟု ရိုင်ဆီပြောကြား

ဒီဇင်ဘာ ၉

       အီရန်နှင့်ရုရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေ သည်ဟု အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီက ပြောကြားသည်။ ရုရှားသမ္မတပူတင်နှင့်မော်စကိုတွင် တွေ့ဆုံစဉ် ၎င်းက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကာ စိုက်ပျိုးရေးနှင့် စွမ်းအင်ကဏ္ဍအပါအဝင် ဥာဏ်ပညာစွမ်းရည်ဆိုင်ရာလုပ် ငန်းကဏ္ဍများတွင်လည်း ပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်သွားမည်ဟု အီရန်သမ္မတရုံးဝက်ဘ်ဆိုက်မှ တစ်ဆင့် သိရသည်။

       ယနေ့ကမ္ဘာတွင် မတရားမှုများကြီးစိုးနေပြီး ဂါဇာဒေသတွင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အား ပေးကူညီမှုဖြင့် အစ္စရေးက ဂါဇာဒေသခံများအား သတ်ဖြတ်နေကြောင်းနှင့် အဆိုပါ ဖြစ်စဉ်များတွင် လက်ရှိအချိန်အထိသေဆုံးသူ ၁၇၀၀၀ ကျော်ရှိပြီး ၎င်းတို့တွင်ကလေးငယ် ၆၀၀၀ ကျော်ပါဝင်သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

      အီရန်-ရုရှားဆက်ဆံရေးသည် အကောင်းဆုံး
အခြေအနေသို့ရောက်ရှိနေပြီး ရုရှားနိုင်ငံမှ ကုန် သည်များသည် အီရန်နိုင်ငံရှိ ကုန်စည်ပြပွဲများတွင် ဝင်ရောက်ပြသရန် စိတ်ဝင်စားလာကြကာ နှစ်နိုင်ငံ ကုန် သွယ်မှုတန်ဖိုးမြင့်တက်လာခဲ့ကြောင်း သမ္မတပူတင်က ပြောကြားသည်။

       လက်ရှိအချိန်တွင် နှစ်နိုင်ငံအကြား သယ်ယူပို့ ဆောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နေသည်။ အမေရိကန်၏ပိတ်ဆို့အရေးယူမှုများကို ခံနေရသည့်အီရန်နှင့်ရုရှားတို့အကြား ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်လာကြပြီး မကြာမီ အချိန်က အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများ ကို လက်တွဲတိုက်ဖျက်ရေးအတွက် ကြေညာချက်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။

#PAN