ရေစကြိုမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွား

ဒီဇင်ဘာ ၉

       မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် နယ်မြေနယ်လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချင်းတွင်းမြစ်ဆိပ်ကမ်း၌ အကြမ်း ဖက် PDF များ မိုင်းထောင်နေကြောင်း ပြည်သူ့များ၏ လျှို့ဝှက်သတင်းပေးပို့ချက်အရ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင်  သွားရောက် ရှင်းလင်းခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

      အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ လက်လုပ်သေနတ်အရှည် ၁ လက်၊ လက် လုပ်ကျည်အိမ် ၁ ခု၊ ၅.၅၆ မမကျည် ၅ တောင့်၊ ၁၂ ဗို့ကျည် ၂ တောင့်၊ လက် လုပ်မိုင်း ၂ လုံး၊ ဝါယာကြိုး ၁ ချောင်းတို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

     အလားတူ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မင်းတပ်မြို့အနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် အကြမ်းဖက် CDF များနှင့် ထိတွေ့တိုက်ပွဲ​ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် CDF အလောင်း ၁ လောင်း၊ အမ်-၂၂ ကျည် ၃၂ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည်တို့ကို သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN