၁၀ လအတွင်း ပြည်ပခရီးသွားတစ်သန်းကျော် ဝင်ရောက်

ဒီဇင်ဘာ ၈

      ၂၀၂၃ ခုနှစ် ၁၀ လတာကာလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား တစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံမှ ခရီးသွားဝင်ရောက်မှု အများဆုံးရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါသည်။ 

       ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြားသားခရီးသွား တစ် သန်းနှင့် နှစ်သောင်းကျော် ဝင်ရောက်ခဲ့ပြီး တရုတ်၊ ထိုင်းနှင့် ကိုရီးယားနိုင်ငံများမှ ခရီး သွားဝင်ရောက်မှု အများဆုံးဖြစ်ခဲ့သည်ဟု ဆိုပါသည်။ နိုင်ငံခြားသားခရီးသွားတွေအနေနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တွေက အထင်ကရနေရာများကို လည်ပတ်မှုများခဲ့ငည်ဟုလည်း သိရပါသည်။

       မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်ရာတွင် လွယ်ကူအဆင်ပြေစေရန်နှင့် မလိုလားအပ်သည့် ကြန့်ကြာမှုများ မဖြစ်အောင် အတတ်နိုင်ဆုံး ဖြေလျှော့ပေးရမည်ဖြစ်ပြီး ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ရေးအပြင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်သည်ဟု ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဒီဇင်ဘာလ ၆ ရက်က ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး၌ ပြောကြားခဲ့ပါသည်။

     ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရန်အတွက် Farm Tour နဲ့ Agro Tourism ခရီးစဉ်သစ်များ အကောင်အထည်ဖော်ဆောင် ရွက်ရန် လိုအပ်သည်ဟုလည်း ဂေဟဗေဒစနစ်နှင့် အချက်အလက် စိစစ်သုံး သပ်သူ ဦးညွန့်ဝင်းက ပြောကြားခဲ့ပါသည်။

      ထို့အပြင် ပြည်တွင်း ခရီးသွားလာမှုများ အခြေ အနေ တိုးတက်လာမှုရှိ မရှိမှာ နိုင်ငံအတွင်း တည်ငြိမ်မှု အခြေအနေပေါ်မှာ မူတည်နေသည်ဟုလည်း မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြော ထားပါသည်။

#PAN