ဒီဇင်ဘာ ၈
ရုရှားနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့သည် ကာကွယ် ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် သဘောတူလိုက်ကြောင်း သိရသည်။ အထူးသဖြင့် နှစ်နိုင်ငံစလုံး၏ ဘုံအကျိုး စီးပွားများအတွက် အထောက်အပံ့ကောင်းများ ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရုရှားသမ္မတရုံး က ထုတ်ပြန်ထားသည်။ ဆော်ဒီအာရေဗျနိုင်ငံ သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမတ် ဘင်ဆယ်မန်နှင့် တွေ့ဆုံပြီးနောက် ယခုသဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ် သည်။
ထို့ပြင် အဆိုပါနှစ်နိုင်ငံသည် အကြမ်းဖက်မှု၊ ရာဇ ဝတ်မှု၊ အစွန်းရောက်မှုတို့အပြင် အကြမ်း ဖက်မှု တိုက်ဖျက်ရေးအဖွဲ့များကြား သတင်းအချက်အလက်များ မျှဝေခြင်းတို့ အပါအဝင် လုံခြုံရေးနယ်ပယ်တွင် အပြန်အလှန် အကျိုး စီးပွားနှင့်ပတ်သက်၍ လက်ရှိပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားရန်လည်း သဘောတူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ နှစ်နိုင်ငံခေါင်းဆောင်များသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော စီးပွားရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားရန်လည်း သဘောတူသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်ဟု Sputnik သတင်းဌာနက ရေးသား ထားသည်။
#PAN