မြဝတီခရိုင်ရဲစခန်းဝန်းနှင့် ခရိုင်ပြည်သူ့ဆေးရုံးတို့ Drone bomb ဖြင့် ထပ်မံတိုက်ခိုက်ခံရ

ဒီဇင်ဘာ ၈

ယမန်နေ့ ညနေ  ၄ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ကရင်ပြည်နယ်၊ လက်ခတ်တောင်ပေါ် တွင် အခိုင်မာတပ်စွဲထားသော လူသတ်အကြမ်းဖက် KNU/PDF အဖွဲ့ များသည် ဌာနဆိုင်ရာရုံးများအား အဓိကထား ​ပြီး Drone bomb ဖြင့် တိုက်ခိုက်နေကြေင်း သိရှိရပါသည်။

အဖျက်အမှောက်လုပ်ငန်းများ ပြုလုပ်ရန်အတွက် ယမန်နေ့ ညနေပိုင်းက  Drone boomb များဖြင့် တိုက်ခိုက်ရာ ​မြဝတီခရိုင်ရဲစခန်းဝန်းအတွင်း ၂ လုံး၊ မြဝတီခရိုင်

ပြည်သူ့ဆေးရုံးအနီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူ အထိခိုက်မရှိကြောင်းနှင့် နောက်ထပ် Drone boomb များဖြင့် ထပ်မံတိုက်ခိုက်ရန် စီမံထားသေးကြောင်း
သတင်းရရှိပါသည်။