မိုးညှင်း၊ ပုသိမ်ကြီးနှင့် ရပ်စောက်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

ဒီဇင်ဘာ ၈

       မိုးညှင်း၊ ပုသိမ်ကြီးနှင့် ရပ်စောက်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

       မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ ပန့်စီးအောင် ကျေးရွာအနီးတွင် Express ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာ ဖွေရာ မယွန်းဝါ(ခ) မဝါထံမှ ဘိန်းဖြူ ၃ ဒသမ ၃ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၈ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ် ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာအနီးတွင် Nissan AD VAN  ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ မစက်ညွန့်(ခ)မိချောနှင့် မစုစုမာတို့ထံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို ကိုလည်းကောင်း၊ ထို့အတူ ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် ယာဉ်ပေါ်ပါခရီးသည်ရပ်စောက်မြို့နယ် မန် ကျည်းကုန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာအနီးတွင် မောင်မောင်တင် မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၀၀ ကိုလည်းကောင်း၊ ဒီဇင် ဘာ ၆ ရက် နံနက် ၁၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက် ရွှေညောင် – ရပ်စောက်သွားကားလမ်းတွင် သော်တာမောင်းနှင်ပြီး မနွဲ့ကြည်လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၂၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN