ဘရန့်ဖို့ဒ်အသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူဖို့စဉ်းစားနေတဲ့ ဒေးဗစ်ဘက်ခမ်း

ဒီဇင်ဘာ ၈

      အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင် ဘက်ခမ်း က ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘရန့်ဖို့ဒ်အသင်းရဲ့ ရှယ်ယာတွေကို ဝယ် ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ အသင်းဟောင်း မန်ယူအသင်းရဲ့ ရှယ်ယာတွေကို ဘက်ခမ်းဝယ်ယူချင်ပေမယ့် ဂလေဇာမိသားစု ရှိနေသရွေ့ ဖြစ်လာမှာ မဟုတ်ပါဘူး။

       ကာတာစော်ဘွား ရှိတ်ဂျက်ဆင်မ် လက်ထဲ မန်ယူအသင်း ရောက်ရှိခဲ့ပါက သံတမန်အဖြစ် ဆောင်ရွက်ဖို့ ရည်ရွယ်ထားဖူးပါတယ်။ လက်ရှိအချိန်မှာ ဗြိတိန်နိုင်ငံရဲ့ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဆာဂျမ်ရက်ကလစ်ဖ် က မန်ယူအသင်း ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁ ဒသမ ၃ ဘီလီယံနဲ့ ဝယ်ယူဖို့နီးစပ်နေပါတယ်။ ဘရန့်ဖို့ဒ် အသင်းပိုင်ရှင် မက်သရူးဘင်ဟမ် က  ရှယ်ယာအချို့ ရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒေးဗစ်ဘက်ဟမ်း ရဲ့သား ရိုမီယို ဟာ ဘရန့်ဖို့ဒ် B အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။

#PAN