ဒေါ်နယ်ထရမ့် အာဏာပြန်ရလျှင် NATO အဖွဲ့ ပြိုကွဲမည်ဟု ဆို

ဒီဇင်ဘာ ၈

      အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့်က အာ ဏာပြန်ရလျှင် NATO အဖွဲ့ ပြိုကွဲကာ ရုရှားအပေါ် ဆင်နွှဲနေသော ကြားခံစစ်ကို အဆုံးသတ်မည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန် ကြီးဟောင်း မာ့အက်စပါက ပြောသည်။ ထရမ့်လက်ထက်တွင် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် မာ့အက်စပါ က NATO အဖွဲ့ နှင့် ပတ်သက်၍ ထရမ့်သာ အာဏာရလာပါက ပထမဆုံးလုပ်မည့်အလုပ်သည် ယူကရိန်းအတွက် NATO ကနေ တစ်ဆင့် ထောက်ပံ့ပေးနေမှုအားလုံးကို ရပ်တန့်လိုက်မှာ ဖြစ်ပြီး ဒုတိယလုပ်မည့် အလုပ်မှာ အမေရိကန်နိုင်ငံကို NATO အဖွဲ့မှ နုတ်ထွက်မည်ဖြစ်ကြောင်းနှင့် ထို့သို့ ဖြစ်လာမည်ဆိုပါက NATO အဖွဲ့သည် ပြိုကွဲသွားမည် ဖြစ်ကြောင်း ဆက်လက်ပြောသည်။

       အလားတူ အမေရိကန်နိုင်ငံသည် ကမ္ဘာတစ် ဝန်းတွင် ဖြန့်ကြက်ထားသည့် စစ်သည်များကို ပြန်ခေါ်ဖွယ်ရှိကာ ယင်းကဲ့သို့ ပြန်ခေါ်ပါက အမေရိကန်နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်စေနိုင်ကြောင်း ကာ ကွယ်ရေး ဝန်ကြီးဟောင်း က ပြောထားသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN