ငါန်းဇွန်မြို့နယ်တွင် ဆယ်အိမ်မှူးဖြစ်သူကို အကြမ်းဖက် PDF များက ဒလန်စွပ်စွဲချက်ဖြင့် သတ်ဖြတ်

ဒီဇင်ဘာ ၈

       မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ဂျွန်းကန်ကျေးရွာအုပ်စု၊ဂျွန်းကန်အ​နောက်ကျေးရွာ ၌ ဆယ်အိမ်မှူးဖြစ်သူ သာမန်ပြည်သူတစ်ဦးကို ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

    ငါန်းဇွန်မြို့နယ်၊ဂျွန်းကန်ကျေးရွာအုပ်စု၊ဂျွန်းကန်အ​နောက်ကျေးရွာနေသူ ဦးသိန်းမြင့်၊၅၉နှစ်၊(ဘ)ဦးဘသွယ်၊တောင်သူ၊ဆယ်အိမ်မှူး သည် ဂျွန်းကန်အနောက်ကျေးရွာ၏ အရှေ့ဘက် ၅ဖာလုံခန့်အကွာရှိ ၎င်းပိုင် ဆိုင်သည့် လျှော်ဖြူခင်းအတွင်း တစ်ဦးတည်း နွား ကျောင်းနေစဉ် အမည်မသိ၊အကြမ်းဖက်သမား PDF ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

     ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသိန်းမြင့်တွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

      သေဆုံးသူ ဦးသိန်းမြင့်သည် ၂၀၁၃ ခုနှစ်မှစ၍ ယနေ့ထိ ဂျွန်းကန်အနောက်ကျေးရွာတွင် ဆယ်အိမ်မှူးတာဝန်  ထမ်းဆောင်နေသူဖြစ်ပြီး  အကြမ်းဖက်အဖွဲ့များ၏ သတင်းများအား လုံခြုံ ရေးတပ်ဖွဲ့ဝင်များထံသို့ သတင်းပေးဆောင် ရွက်နေသူ ”ဒလန်” ဟုသော စွပ်စွဲချက်ဖြင့် အကြမ်း ဖက်အဖွဲ့မှ ယခုကဲ့သို့ သတ် ဖြတ်ခြင်း ဖြစ် ကြောင်း ဒေသခံရွာသားများထံမှ သိရပါသည်။

#PAN