IDF နှင့် ISA တို့သည် ဟားမတ်စ် ဥမင်များအတွင်းမှ ဥမင်လိုဏ်ခေါင်းအသစ်များကိုဖော်ထုတ်ရရှိခဲ့ပြီး ဟားမတ်စ် တပ်မဟာမှူး Ahmed Al-Ghandooriနှင့် အရာရှိများကို ရှင်းလင်းခဲ့ခြင်း အပါအဝင်အစ္စရေး – ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲ ၆၁ ရက်မြောက်နေ့ နောက်ဆုံးရ ဆက်စပ်သတင်းများ

ဒီဇင်ဘာ ၇

      အစ္စရေး – ဟားမတ်စ်စစ်ပွဲကာလမှာ ၆၁ ရက်သို့
ရောက်ရှိလာခဲ့ပြီး အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်၍
ဂါဇာကမ်းမြှောင် မြောက်ပိုင်းသာမက တောင်ပိုင်းသို့
ပါ အစ္စရေးတို့မှ တိုက်ခိုက်လျှက်ရှိရာ အစ္စရေးဖက်
မှ သေဆုံး၊ဒဏ်ရာရစာရင်းမှာ ၁,၄၀၀ ဦး သေဆုံး၊
ဒဏ်ရာရ ၁၀,၁၅၇ ဦး၊ ဓားစာခံအဖြစ် အစ္စရေးနှင့်
ပြည်ပနိုင်ငံသားစုစုပေါင်း ၁၃၈ ဦး ဖမ်းဆီးခံထားရ
ပြီး၊ IDFမှ ဒီဇင်ဘာ ၆ ရက်၊နံက်ပိုင်းထုတ်ပြန်ချက်
အရ စစ်သည် ၄၁၀ဦး သေဆုံးကြောင်း သိရှိရပါ
သည်။

       ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ချက်အရ ကလေး ၇,၁၁၂ ဦးနှင့် အမျိုးသမီး ၄,၈၈၅ ဦး အပါအဝင် ၁၅,၉၀၀ ဦး အထက် သေဆုံး ၍ ဒဏ်ရာရသူ ၄၃,၆၁၆ ဦးအထက်ဖြစ်ကာ အပျက် အစီးများကြားမှ တိုးလာနိုင်ကြောင်း AI Jazeera သတင်းအရ သိရသည်။

၅၉ ရက်မြောက်နေ့ ထူးခြားသတင်းများ

■    ယာယီအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ပျက်
ပြယ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၆ ရက်၊နံနက်ပိုင်းတွင်
ဂါဇာရှိ ဟားမတ်စ် စစ်သွေးကြွများမှ Margailot ၊
Matat Malkia Hazerim Nir Oz Dudaim
Site I Wadi al-Ma’am I Omer Beer Sheva I
Lakiya | Ein HaBsor Magen Eilat Eilot
Netiv HaAssara Mivtachim Yadı Sufal
Mordechai Karmial Zikim Nir Itzhak
Kissufim ၊ Reim မြို့များနှင့် နယ်စပ်မြို့
Ashkelon နှင့် Gaza border area တို့အား ဒုံး ကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

■    IDF နှင့် ISA တို့သည် ဟားမတ်စ် ဥမင်များအတွင်းမှ ဥမင်လိုဏ်ခေါင်းအသစ်များကိုဖော်ထုတ်ရရှိခဲ့ပြီး ယင်းမှ မြောက်ပိုင်းဂါဇာကမ်းမြှောင် တပ် မဟာနှင့် ဂါဇာကမ်းမြှောင်တပ်မဟာ၏ အကြီးတန်း ဟားမတ်စ်အရာရှိများနှင့် ဂါဇာစီးတီးတပ်မဟာ၊အကြီးတန်း တပ်မှူး အများစုကို ရှင်းလင်းနိုင်ခဲ့ကြောင်း၊ မြောက်ပိုင်းဂါဇာကမ်းမြှောင်တပ်မဟာသည် ဟားမတ်စ်အကြမ်းဖက်အဖွဲ့၏ ဒုတိယအကြီးဆုံးတပ်မဟာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ဟားမတ်စ်တပ်မှူးများသည် အရပ်သားနေထိုင်ရာနေရာများနှင့် အင်ဒိုနီးရှားဆေးရုံအနီးရှိ ဥမင်လိုဏ်ခေါင်းများတွင် ပုန်းအောင်းနေခဲ့ကြကြောင်း၊ IDF ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးနှင့် ISA ၏ အကူအညီဖြင့် IDF တပ်ဖွဲ့ဝင်များသည် တပ်မဟာမှူး Ahmed Al-Ghandoori၊ ဒုတိယတပ်မဟာမှူး Wael Rajab နှင့် အခြားအကြီးတန်းစစ်ဆင်ရေးအရာရှိများ၊ တပ်မ ဟာ၏ ထောက်ပံ့ရေးတပ်ရင်းမှူး၊ တပ်မဟာမှူး၊ နည်းပညာနှင့် စစ်ဆင်ရေး အထောက်အကူပြုဌာနနှင့် မြောက်ပိုင်းဂါဇာကမ်းမြှောင်အတွက် စောင့်ကြည့်ရေးအရာရှိတို့ကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

■    Ahmed Al-Ghandoor သည် ဟားမတ်စ် စစ်
တပ်၏ အတွင်းစည်းအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်
ထမ်းဆောင်ခဲ့ပြီး သူသည် မြောက်ပိုင်း ဂါဇာကမ်း
မြှောင်ဒေသရှိ ဟားမတ်စ်အဖွဲ့၏ အကြမ်းဖက် စစ်
ဆင်ရေးအားလုံး၏ ညွှန်ကြားမှုနှင့် စီမံခန့်ခွဲမှု တာ
ဝန်ခံဖြစ်ကြောင်း၊ မြောက်ပိုင်း ကမ်းရိုးတန်းရှိ တပ်
မဟာမှူးများ၊ Beit Lahiya တပ်ရင်းမှူး၊ Central
Jabalya တပ်ရင်းမှူးနှင့် အခြားသော အကြမ်းဖက်
သမားများကိုလည်း ဤတပ်ဖွဲ့မှ ရှင်းလင်းခြင်းနှင့်
တဆက်တည်းပင် ကွပ်ကဲမှုလမ်းကြောင်း နှင့် ၎င်း
တို့၏အခြေခံအဆောက်အအုံများ ပျက်စီးသွားမှုတို့ကြောင့် ဂါဇာကမ်းမြှောင် မြောက်ပိုင်းတပ်မဟာ၏
လုပ်ဆောင်နိုင်စွမ်း သိသာစွာ ချုပ်ငြိမ်းသွားကြောင်း
သိရသည်။

■    ဂါဇာစီးတီးတပ်မဟာသည် ဟားမတ်စ်အကြမ်း
ဖက်အဖွဲ့တွင် အကြီးဆုံးတပ်ဖွဲ့ဖြစ်ပြီး ဂါဇာမြို့တော်
တွင် စစ်ဘက်ဆိုင်ရာ စခန်းများစွာအပြင် လက်နက်
ထုတ်လုပ်ရေးနှင့် သိုလှောင်ရုံများ အရပ်ဘက်ဒေသ
များအလယ်တွင် မြှုပ်နှံထားကြောင်း၊ ဂါဇာမြို့တော်
သည် အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးချ
နေသည့် ဟားမတ်စ်တို့၏ ထင်ရှားသော ဥပမာတစ်ခု
ဖြစ်ကြောင်း၊ IDF တပ်ဖွဲ့များသည် General
Security Service & Intelligence Division
လမ်းညွှန်မှုအောက်တွင် ဂါဇာရှိ တပ်ရင်းမှူး၄ ဦးကို
ရှင်းလင်းခဲ့ရာ Tsabra တပ်ရင်းမှူး၊ Shati တပ်ရင်း
မှူး၊ Darj Tapah တပ်မှူးနှင့် Shejaiya တပ်ရင်းမှူး
တို့ဖြစ်ကြောင်း၊ Tsabra တပ်ရင်းသည် သိသိသာ
သာ ပျက်စီးသွားခဲ့ပြီး တပ်ရင်းမှူးအပြင် ဗဟိုကွပ်ကဲ
ရေးစခန်းရှိ တပ်မှူးများကိုပါ ရှင်းလင်း၍ အခြေခံ
အဆောက်အဦများနှင့် တပ်ရင်းဌာနချုပ်များကို
အသုံးမပြုနိုင်သည့် အခြေအနေထိ ဖျက်ဆီးနိုင်ခဲ့
ကြောင်း သိရပါသည်။

■   Shati တပ်ရင်း၏ကဏ္ဍတွင် ဟားမတ်စ်ဗဟိုဌာန ချုပ်လုံခြုံရေးအတွက် တာဝန်ရှိပြီး IDF တပ်ဖွဲ့များက ယင်းတို့၏ ဗဟိုခံတပ်အများစုကို သိမ်းပိုက်ခဲ့ပြီး ၎င်းတို့အနက် ရှီဖာဆေးရုံရှိ ဟားမတ်စ်ဌာနချုပ်ရှိ မြေ အောက် အခြေခံအဆောက်အအုံများပျက်ပြားသွားစေခဲ့သည်။ ထို့အပြင် တပ်မဟာရှိ တင့်ကားခေါင်းဆောင်၊ လေတပ်ခေါင်းဆောင်၊ ရေတပ်ခေါင်းဆောင်တို့ကိုလည်း ရှင်းလင်း နိုင်ခဲ့သည်။ အစ္စရေးလေတပ်မှ ဂါဇာကမ်းမြောင်ရှိ အကြမ်းဖက်ပစ်မှတ် ၂၅၀ ခန့်ကို ဒီဇင် ဘာ ၅ရက်နေ့က တိုက်ခိုက်ခဲ့သည်။ မြေပြင်တပ်များကလည်း Deir al-Balah ဒေသကို လေကြောင်းတိုက် ခိုက်ရန် ပစ်မှတ်ပြသခဲ့ပြီး ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ စာသင်ကျောင်းတစ်ခုနှင့် ကပ်လျက်ရှိလက် နက်ကိုင် အကြမ်းဖက်အဖွဲ့ကို ချေမှုန်းခဲသည်။ ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ ကျောင်းတစ်ကျောင်းမှ လက် နက်များနှင့် ခဲယမ်းမီးကျောက်များ ထပ်မံရရှိခဲ့သည်။

■   ဂါဇာကမ်းမြှောင်ရှိအကြီးဆုံးလက်နက်သို လှောင်ရုံများထဲမှ တစ်ခုကို တပ်မဟာ ၄၆၀ ၏ အမှတ် ၅၀ တပ်ရင်းမှ ဂါဇာကမ်းမြှောင် မြောက်ပိုင်းရှိ ဆေးခန်းနှင့် ကျောင်းအနီးမှ တွေ့ရှိခဲ့ပြီး ရာနှင့်ချီသော RPG ဒုံးကျည်များနှင့် လောင်ချာမျိုးစုံအလက်များစွာ၊ တင့်ဖျက်ဒုံးကျည် ဒါဇင်ပေါင်းများစွာ၊ ဖောက်ခွဲရေးပစ္စည်းများ၊ဒါဇင်နှင့်ချီသော တာဝေးပစ်ဒုံးကျည်များ၊ လက် ပစ်ဗုံးများနှင့် UAV အများအပြား ရရှိခဲ့သည်။အကြမ်း ဖက် အဆောက် အအုံများမှာ အရပ်သား ပြည်သူနေထိုင်ရာ အလယ် ဗဟိုရှိ အရပ်ဘက်အဆောက်အအုံများအနီးတွင် တွေ့ရှိရပြီး ဤသည်မှာ ဂါဇာကမ်းမြှောင်ဒေသတွင် နေထိုင်သူများကို လူသားဒိုင်းအဖြစ် ဟားမတ်စ်၏ ရက်စက်ကြမ်းကြုတ်စွာ အသုံးပြုခြင်း၏ နောက် ထပ် သက်သေဖြစ်သည်ဟု ဆိုသည်။

■   ဒီဇင်ဘာ ၆ရက်၊ ယနေ့နံနက်မှစ၍ လက်ဘနွန်ရှိ
နေရာများကို IDF မှ တင့်ကားများ၊ အမြောက်များ
ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဟစ်ဇ်ဘိုလာ အကြမ်း
ဖက်အဖွဲ့၏ စစ်ဘက်အဆောက်အအုံနှင့် လက်နက်
များကို ထိမှန်ခဲ့သည်။ လက်ဘနွန်ဖက်မှ နေ့လည်
ပိုင်းတွင် Arab al-Aramshe နှင့် ကပ်လျက် IDF စခန်းတစ်ခုနှင့် ဟာမွန်တောင်ဒေသရှိ IDF စခန်းတစ်
ခုဆီသို့ ဒုံးကျည် ပစ်ခတ်မှုများရှိခဲ့ပြီး ပစ်ခတ်သည့်
နေရာများကို ဖော်ထုတ်နေကြောင်း သိရသည်။

ဂါဇာကမ်းမြှောင်အလယ်ပိုင်းရှိ Nuseirat စခန်း ကို လေကြောင်း တိုက်ခိုက်မှုမှ လူ ၆ ဦး သေဆုံး

■    ဂါဇာကမ်းမြှောင်အလယ်ပိုင်းရှိ Nuseirat စခန်းမှ အိမ်နှစ်လုံးကို အစ္စရေးလေတပ်က ဒီဇင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်၌ တိုက်ခိုက်မှုကြောင့် လူ ၆
ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း
ပါလက်စတိုင်းမီဒီယာများက ဖော်ပြထားသည်။

UNICEF က အောက်တိုဘာ ၇ ရက် လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုကို ရှုတ်ချလိုက်ခြင်း

■   အစ္စရေးနိုင်ငံ တောင်ပိုင်းတွင် ဟားမတ်စ်များ
စတင်ကျူးကျော်တိုက်ခိုက်ပြီး နှစ်လခန့်အကြာ၌
အစ္စရေးတွင် ဟားမတ်စ်တို့ ကျူးလွန်ထားသည့် လိင်
ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရှုတ်ချကြောင်း ကုလ
သမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့
အစည်း UNICEF က ဒီဇင်ဘာ ၆ ရက်နေ့တွင် ထုတ်
ပြန် ကြေညာမှုကို အဖွဲ့အစည်း၏ Instagram အ
ကောင့်မှာ လွှင့်တင်ခဲ့ရာ အဆိုပါထုတ်ပြန်ချက်တွင်
ဟားမတ်စ်ကို ရှုတ်ချမှု မပါရှိပဲ “အစ္စရေးနိုင်ငံမှာ
အောက်တိုဘာလ ၇ ရက်နေ့က လိင်ပိုင်းဆိုင်ရာ အ
ကြမ်းဖက်မှုတွေရဲ့ မှတ်တမ်းတွေက ကြောက်မက်
ဖွယ်ကောင်းတယ်” ဟုသာ ရေးသားထားသည်။ “လွတ်မြောက်လာသူများအား ကူညီ ပံ့ပိုးပေးကာ
ဂရုတစိုက် ဆောင်ရွက်ပေးရပါမည်။ စွပ်စွဲချက်များ
ကို အပြည့်အဝ စုံစမ်းစစ်ဆေးရပါမည်။ ကျား-မ အ
ခြေပြု အကြမ်းဖက်မှုနှင့် အမျိုးသမီးများနှင့် မိန်း
ကလေးငယ်များအပေါ် အကြမ်းဖက်မှု ပုံစံအားလုံး
ကို ကျွန်ုပ်တို့ ရှုတ်ချပါသည်။”ဟု ရေးသားထား သည်ဟု ဂျေရုဆလင်ပို့စ် သတင်းအရ သိရသည်။

Tel Aviv တွင် ဒုံးကျည်ကျရောက်ရာမှ အသက်
၄၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့

■   ဒီဇင်ဘာ ၅ ရက်၊အင်္ဂါနေ့မွန်းလွဲပိုင်းတွင် Tel
Aviv နှင့် Dan အနီးတစ်ဝိုက်သို့ ဂါဇာဖက်မှ ဒုံးကျည်
များဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အမျိုးသားတစ်
ဦး( ၄၀ နှစ်) ဒုံးကျည်အပိုင်းအစထိမှန် ဒဏ်ရာရရှိခဲ့
ကြောင်းနှင့် ပျက်စီးမှုများကို စုံစမ်းစစ်ဆေးနေသည်
ဟု Magen David Adom သတင်းအရ သိရသည်။

Ashkelon တွင် ဒုံးကျည် ကျရောက်မှုကြောင့် နှစ်
ဦးဒဏ်ရာရရှိခဲ့ခြင်း

■   ဒီဇင်ဘာ ၅ရက်၊ အင်္ဂါနေ့က ဂါဇာဖက်မှ ပစ်
ခတ်သည့် ဒုံးကျည်ကျရောက်၍ Ashkelon မြို့ရှိ
တိုက်ခန်းတစ်ခန်းတွင် ပျက်စီးမှုကြီးမားစွာ ဖြစ်ပေါ်
ခဲ့ပြီး အသက် ၆၀ အရွယ်ရှိ အမျိုးသမီး နှစ်ဦးဒဏ်
ရာရရှိခဲ့ကာ Barzilai Medical Center သို့ ရွှေ့
ပြောင်းပေးခဲ့ရသည်ဟု သိရသည်။

လက်ဘနွန်တပ်တွေကို ထိခိုက်စေခဲ့တဲ့ တိုက်ခိုက်မှု
ကို အစ္စရေးက ပြန်လည်သုံးသပ်လျှက်ရှိ

■   ဒီဇင်ဘာ ၅ ရက်၊အင်္ဂါနေ့က အစ္စရေးတို့ဖက်မှ
လက်ဘနွန်ဖက်သို့ ပစ်ခတ်သည့် ပစ်ခတ်မှုတစ်ခု
တွင် လက်ဘနွန်စစ်သားတစ်ဦး သေဆုံးပြီး သုံးဦး
ဒဏ်ရာ ရရှိခဲ့သည့်အတွက် လက်ဘနွန်တောင်ပိုင်းရှိ
လက်ဘနွန်တပ်ဖွဲ့ဝင်များအား ထိခိုက်နစ်နာစေသည့်
တိုက်ခိုက်မှုကို ပြန်လည်သုံးသပ်နေသည်ဟု အစ္စရေး
စစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း၊ “လက်ဘနွန်တပ်မတော်သည် တိုက်ခိုက်မှု၏ ပစ်မှတ်
မဟုတ်ပေ။ IDF သည် အဆိုပါ ဖြစ်ရပ်အတွက်
နောင်တရကြောင်း ဖော်ပြပါသည်။ အဆိုပါ ဖြစ်ရပ်
ကို ပြန်လည်သုံးသပ်နေဆဲ ဖြစ်သည်” ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။

■   အစ္စရေးနှင့် ဟားမတ်စ်တို့အကြား စစ်ပွဲစတင်
ချိန်မှစ၍ လက်ဘနွန်-အစ္စရေးနယ်စပ်တစ်လျှောက်
ရှိ လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့သည် ပစ်ခတ်မှုများ
စတင်ခဲ့သည်။ လက်ဘနွန်စစ်တပ်က တပ်ကြပ်
ကြီး တစ်ဦးသည် အင်္ဂါနေ့တွင် အစ္စရေးစစ်တပ်၏
ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း လက်ဘနွန်
စစ်တပ်က ပြောကြားခဲ့ပြီး၊ ဟစ်ဇ်ဘိုလာတို့ အသုံး
ပြုသည့် “လက်ဘနွန်နိုင်ငံမှ ထင်ရှားသော ဒုံးကျည်
ပစ်လွှတ်ရာနေရာနှင့် စောင့်ကြည့်လေ့လာရေးနေရာ
” မှ ဖော်ထုတ်တွေ့ရှိထားသော ပစ်ခတ်မှုကို ဖယ်ရှား
ရန်အတွက် ၎င်း၏စစ်သားများသည် မိမိကိုယ်ကို
ခုခံကာကွယ်ရန် လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်
တပ်ဖက်က ပြောကြားခဲ့သည်။ လက်ဘနွန်ရှိ ကုလ သမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ UNIFIL က ၎င်းသည် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ပထမဆုံး
လက်ဘနွန်စစ်တပ်မှ စစ်သားတစ်ဦး သေဆုံးခဲ့ခြင်း
ဖြစ်ကြောင်းနှင့် လက်ဘနွန်စစ်တပ်သည် အစ္စရေး
နှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း
အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်ဟု ဂျေရုဆလင်ပို့စ်
သတင်းအရ သိရသည်။

အီဂျစ်ဖက်မှ ထုတ်ပြန်ပြောဆိုချက်များ

■   အစ္စရေးနိုင်ငံမှ သိမ်းပိုက်ခံထားရသော အရှေ့
ဂျေရုဆလင် (Al Quds) တွင် အခြေချနေထိုင်မှု
အသစ်များ တည်ဆောက်ရန် အစ္စရေးအစိုးရ၏
ခွင့်ပြုချက် ထုတ်ပေးမှုကို အီဂျစ်က ပြင်းပြင်းထန်
ထန် ရှုတ်ချခဲ့ပြီး၊ အဆိုပါ အခြေချနေထိုင်မှုများ
သည် နိုင်ငံတကာ ဥပဒေအား ထင်ရှားစွာ ချိုးဖောက်
ကာ “တရားဝင်မှု မရှိ” ဟု ဖော်ပြသည့် UNSC ၏
ဆုံးဖြတ်ချက်များကို ပြောင်ပြောင်တင်းတင်း ချိုး|
ဖောက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
အီဂျစ် SIS အကြီးအကဲ Diaa Rashwanက ဂါဇာ
ကမ်းမြှောင်တောင်ပိုင်းသို့ ပါလက်စတိုင်းများကို
ထွက်ပြေးရန် အစ္စရေးမှ အတင်းအကျပ် ဖိအားပေး
ခြင်းသည် ပါလက်စတိုင်းတို့၏ အကြောင်းရင်းနှင့်
အီဂျစ်နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်လာ
ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရပါသည်။ ထို့အပြင်
Diaa Rashwan က ပါလက်စတိုင်းတို့ကို ၎င်းတို့
ပြည်တွင်း၌ဖြစ်စေ ၎င်းတို့မြေ၏ အပြင်ဖက်သို့ ဖြစ်
ရွှေ့ပြောင်းနေထိုင်မှုနှင့်ပတ်သက်၍ အစ္စရေး၏
ရပ်တည်ချက်ကို ထောက်ခံသည့်နိုင်ငံ မရှိဟု ပြော
ကြားခဲ့ကြောင်း Egypt Today Magazine အရ
သိရသည်။

ပင်လယ်နီနှင့် အီလက်မြို့ရှိ သင်္ဘောများကို ဟူသီ
သူပုန်များက ခြိမ်းခြောက်လျက်ရှိခြင်း

■   အီရန်မှ ထောက်ပံ့လျက်ရှိသော ဟူသီသူပုန်
များသည် ဒီဇင်ဘာ ၆ ရက်နေ့တွင် ပင်လယ်နီ နှ
အစ္စရေးနိုင်ငံရှိ သင်္ဘောများကို ထပ်မံခြိမ်းခြောက်
လျက်ရှိကြောင်း၊ ဗြိတိန် ပင်လယ်ရေကြောင်း ကုန်
သွယ်ရေးဆိုင်ရာလုပ်ငန်း(UKMTO)အေဂျင်စီမှ ယီ
မင်နိုင်ငံ Hodeidah ဆိပ်ကမ်း အနောက်ဘက် 142
5N 042125, 47 nm နေရာအနီးရှိ Uncrewed
Aerial System (UAS) အရ မတော်တဆမှု သတင်းပို့ချက်တစ်ခုကို ရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး Hodeidah ဆိပ်ကမ်းသည် ယီမင်နိုင်ငံမှ အရေး
ပါသော ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

■   Al-Arabiya မှ ပြောကြားချက်အရ သတင်းပို့ချက် သည် ဧရိယာအတွင်းသင်္ဘောများ ဖြတ်သန်းသည့် သတိပေးချက်ဖြစ်ကြောင်း၊ ဗြိတိန် ပင်လယ်ရေ ကြောင်း လုံခြုံရေး ကုမ္ပဏီ Ambrey မှ ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြောကြားချက်အရ ယင်းဧရိယာတစ်
ခုတည်းမှာပင် ဒရုန်းတစ်ခု ပစ်လွှတ်ခြင်းကို သတိပြု
မိပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ဆက်လက်၍
Al-Arablya မှ စစ်ပွဲစတင်ကတည်းက အရှေ့လယ် ပိုင်း ရေပိုင်နက်အတွင်း တိုက်ခိုက်မှုဖြစ်စဉ်များ အစဉ်ဖြစ်ပွားလျက် ရှိနေပြီး၊ သတင်း ပို့ချက်များ၏ အသေး စိတ်အချက်အလက် တစ်စုံ တစ်ရာကို မသိရှိရကြောင်း၊ UKMTO ၏ သတင်းပို့ချက်အပြီး တစ်နာရီခွဲခန့်အကြာ၌ အစ္စရေး တောင်ပိုင်း အီလက်မြို့ မှာ ၁ နာရီ ၁၁ မိနစ်အချိန်ဝန်းကျင်တွင်း မစ်ဆိုင်းလ်ဥဩသံများ ကြားရကာ UKMTO သတင်းပို့ချက်သည် ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင်ဖြစ်၍ ယင်းဖြစ်စဉ် ၂ ခုဆက် စပ်မှု ရှိ/ မရှိကို မသိရှိရကြောင်း၊ Houthi A-Masirah သတင်းဌာနမှ ၎င်း၏ သင်္ဘောဖျက် မစ်ဆိုင်းလ်စွမ်းရည်ကို ဒီဇင်ဘာ ၆ ရက်က မီးမောင်းထိုးပြခဲ့ကြောင်း၊ Houthi သတင်းဌာနနှင့် အမေရိကန်ဗဟိုကွပ်ကဲမှုအဖွဲ့တို့အနေဖြင့် ယနေ့ ဒီဇင်ဘာ ၆ရက် ဖြစ်စဉ်များကို ဖော်ပြထားခြင်း မရှိသေးကြောင်း သတင်းရရှိပါ သည်။

#PAN