၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော် ဘာတန်ချိန် ၄ သိန်း တင်ပို့ရန် ဆောင်ရွက်နေ

ဒီဇင်ဘာ ၇

       လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ရော်ဘာတန်ချိန် ၄ သိန်းခန့် တင်ပို့ နိုင်ရေးလျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါသည်။

       စုစုပေါင်းတင်ပို့မှုရဲ့ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး စင်ကာပူ၊မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်တို့က မြန်မာ့ရော်ဘာကို ဝယ်ယူတင်သွင်းနေကြခြင်း ဖြစ်သည်။ မြန်မာ့ရော်ဘာ တင်ပို့မှုမှ နိုင်ငံခြားငွေ ရရှိမှုသည် ၂၀၁၈ -၂၀၁၉ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ သန်း ၄၅၀ အကြား ရရှိနေသည်ဟု ဆိုပါသည်။ နိုင်ငံတစ်ဝန်းတွင် ရော်ဘာစိုက် ဧကပေါင်း ၁ ဒသမ ၆၄ သန်းကျော်ရှိပြီး ထုတ်လုပ်ဧက ၉ သိန်းခွဲခန့် ရှိကာ တစ်နှစ်ပျမ်းမျှအထွက်နှုန်း တန်ချိန် ၄ သိန်း ဝန်းကျင်ရှိကြောင်း စာရင်းများအရ သိရပါသည်။

     ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဒေသများမှာ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသ ကြီးနဲ့ ရခိုင်ပြည်နယ်တို့ ပါဝင်ကြောင်း သိရပါသည်။

#PAN