အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို တိုက်ဖျက်ရေး အီရန်နှင့်ရုရှား ပူးပေါင်းဆောင်ရွက်

ဒီဇင်ဘာ ၇

       အီရန်နှင့်ရုရှားနိုင်ငံတို့သည် အမေရိကန်၏ ပိတ် ဆို့အရေးယူမှုများကို လက်တွဲတိုက်ဖျက်ရေးအတွက် ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်း အိုင်နာသတင်း အေဂျင်စီက ပြောကြား သည်။

       ကက်စပီယန်ဒေသငါးနိုင်ငံမှ ဝန်ကြီးများအစည်း အဝေးတွင် ၎င်းပူးတွဲကြေညာချက်အား အီရန်နိုင်ငံ ခြားရေးဝန်ကြီး ဟူစိန်အမ်မာအဒိုလာဟင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလဗ်ရော့စ်တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ကက်စပီယန်ဒေသငါးနိုင်ငံတွင် အဇာဘိုင်ဂျန်၊ အီရန်၊ကာဇက်စတန်၊ ရုရှားနှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့ ပါဝင်သည်။

     ယခုဆောင်ရွက်ချက်သည် အမေရိကန်၏ တရားမဝင်သည့် အရေးယူပိတ်ဆို့မှုများကို တိုက်ဖျက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းဖြစ်ပြီး အီရန်နှင့် ရုရှားဆက်ဆံရေးကိုလည်း တိုးမြှင့်သွားမည်ဖြစ် ကြောင်း ၎င်းတို့က အသီးသီးပြောကြားသည်။

      အီရန်နှင့်ရုရှားနိုင်ငံတို့သည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို တိုက်ဖျက်ရေးအတွက် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာကြကြောင်း သိရသည်။

#PAN