အမေရိကန်က အစ္စရေးသည် ဂါဇာတောင်ပိုင်း၌အဓိကကျသော စစ်ဆင်ရေးများကို ဇန်နဝါရီလတွင် အပြီးသတ်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ရ

ဒီဇင်ဘာ ၇

      အမေရိကန်က အစ္စရေးသည် ဂါဇာတောင်ပိုင်း၌ ကြီးမားကျယ်ပြန့်သည့် စစ်ရေးဆိုင်ရာ စစ်ဆင်ရေး များကို ဇန်နဝါရီလတွင် အပြီးသတ်နိုင်မည်ဟု ယုံ ကြည်ထားပြီး ဟားမတ်စ် အကြမ်း ဖက်သမားများနှင့် ခေါင်းဆောင်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာနိုင် သည်ဟု CNN က ဖော်ပြထားသည်။

      အကြီးတန်း အုပ်ချုပ်ရေးအရာရှိများကို ကိုးကား ၍ Cable News Network က အိမ်ဖြူတော်က လာမည့်ရက်သတ္တပတ်များတွင် IDF မည်သို့ ထိုးစစ်ဆင်နွဲမည်ကို စိုးရိမ်ပူပန်ပြီး ထိ ခိုက်ပျက်စီးမှုများနှင့် အရပ် သားသေဆုံးမှုများကို ကန့်သတ်ရန် အစ္စရေးသို့ သတိ ပေးထားကြောင်း၊သို့သော် အမေရိကန်၏အကြံပြုချက်ကို အစ္စရေး ၏ တုန့်ပြန်မှု ဖော်ပြရန် “လက်ခံနိုင်သည်” ဆိုသည့် စကားလုံးအားအသုံးပြုရန် ခက်ခဲကြောင်း သိရှိရသည်။

         အစ္စရေးနိုင်ငံသည် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တို့ တိုက်ခိုက်သည့်ပုံစံမျိုး နောက်ထပ် မလုပ် ဆောင်နိုင်စေရန် ဟန့်တားမည့် ၎င်း၏ ရည်မှန်းချက်အောင်မြင်ရန်မှာ ယခုနှစ်ကုန်တွင် မဖြစ်နိုင်သေးကြောင်းနှင့် တိုက်ပွဲများသည် အသွင်သစ်တစ်ရပ်အနေဖြင့် ပြောင်းလဲသွားသည့်အခါ အစ္စရေး တပ်ဖွဲ့များ သည် ရည်မှန်းချက်အောင် မြင်ရန် “ရေရှည်တိုက် ပွဲ” ဆက်လက် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မိမိတို့သည် လာမည့် ရက် သတ္တပတ်များအတွင်း အလွန်ပြင်းထန်သည့် စစ်ဆင်ရေးများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် ပြင်းထန်မှုနည်းသည့် ပုံစံသို့ ပြောင်းလဲနိုင်ချေများရှိသည်ဟု အစ္စရေးအရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့ပြီး မျှော်လင့် ထားသည့် အသွင်ကူးပြောင်းမှုကို အတည်ပြုခဲ့ကြောင်း၊ လွန်ခဲ့ သောအပတ်က စစ်ပွဲ အဆုံးသတ်ရန် အမေရိကန် သမ္မတ Joe Biden ၏ အစိုးရအပေါ် ပြည်တွင်းနှင့် ပြည်ပမှ ဖိအားများ တိုးပွားလာနေသဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken သည် စစ်ပွဲပြီး ဆုံးရန် ဟားမတ်စ်ကို တိုက်ခိုက်ရာတွင် လပေါင်းများစွာ ဖြစ်နိုင်ဖွယ်မရှိဟု အစ္စရေး စစ်ပွဲကာလ အစိုးရအဖွဲ့ကို သတိပေးခဲ့ကြောင်း Time of Israel သတင်းအရ သိရှိရပါသည်။

#PAN