မတ္တရာမြို့နယ်၊တောင်ပြုံးကြီးကျေးရွာ၌ ၅ နှစ်အရွယ်ကလေး မီးခြစ်ဖြင့် စက္ကူများ မီးရှို့ကစားရာမှ မီလောင်မှုဖြစ်ပွား

ဒီဇင်ဘာ ၇

      မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊တောင်ပြုံးကြီးကျေးရွာ၌ ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင်  မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိငြိမ်းသတ်မှုကြောင့် မွန်းလွဲ ၁၂ နာရီ ၃၆ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။

       မီးလောင်မှု ဖြစ်စဥ်အား စီစစ်ခဲ့ရာ တောင်ပြုံးကြီးကျေးရွာနေ ဦးကျော်ရဲအောင်၊(ဘ)ဦးဟန်ထွန်း၏ နေအိမ် အိပ်ခန်းအတွင်း ဦးကျော်ရဲအောင်၏သား အသက် ၅ နှစ်အရွယ် မောင်အောင်ခန့်ပိုင်မှ မီးခြစ်ဖြင့် စက္ကူများ မီးရှို့ကစားရာမှ မွေ့ယာပေါ်သို့ကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊မီးလောင်မှုကြောင့် ၃၀×၂၀ပေ၊သွပ်မိုး၊ထရံကာ၊၂ထပ်နေအိမ် ၃လုံး၊၃၀×၂၀ပေ၊သွပ်မိုး၊ထရံကာ၊၁ထပ်နေအိမ် ၅လုံး၊၃၀×၃၀ပေ၊သွပ်မိုး၊ပျဥ်ထောင်၊၂ထပ်နေအိမ် ၁လုံး၊၃၀×၂၀ ပေ၊သက်ကယ်မိုး၊ထရံကာ၊၁ထပ်နေအိမ် ၂လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN