ပူတင်သည် ယူအေအီးနှင့် ဆော်ဒီခေါင်းဆောင်များနှင့် တွေ့ဆုံရန် ရှားရှားပါးပါး အရှေ့အလယ်ပိုင်းသို့ ခရီးထွက်ခွာ

ဒီဇင်ဘာ ၇

       တိုက်လေယာဉ်လေးစင်းဖြင့် အကာအကွယ်ပေးထားသည့် ရုရှားသမ္မတ ဗလာဒီမာပူတင် သည် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ တိုတောင်းသော ခရီး စဉ်အပြီးတွင် ဆော်ဒီအာရေဗျသို့ သွားရောက်သည့် ရှားရှားပါးပါး တစ်ရက်တာ ခရီးစဉ်အတွင်း အရှေ့အလယ်ပိုင်းသို့ လျှပ်တ​ပြက်ခရီးတစ်ခု ပြုလုပ်ခဲ့သည်။

      ပူတင်သည် ကုလသမဂ္ဂ COP28 ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲကို လက်ခံကျင်းပမည့် UAE ၏မြို့တော် အဘူဒါဘီတွင် ဗုဒ္ဓဟူးနေ့တွင် ဆိုက်ရောက်ခဲ့သည်။  ၎င်းအား သမ္မတအိမ်တော်သို့ ပို့ဆောင်ခဲ့ပြီး သေနတ် ၂၁ လက်ဖြင့် ပစ်ဖောက် အလေးပြုကာ ရုရှားအလံအရောင် မီးခိုးငွေ့များနောက်မှ လိုက်နေသည့် UAE စစ်ဂျက် လေယာဉ်များ၏ ပျံသန်းမှု့ဖြင့် ကြိုဆိုခဲ့သည်။

      ပင်လယ်ကွေ့နိုင်ငံသမ္မတ Sheikh Mohammed bin Zayed Al Nahyan က ပူတင်ကို ၎င်း၏ “ချစ်လှစွာသော သူငယ်ချင်း” ဟုခေါ်ဆိုခဲ့သည်။

     Sheikh Mohammed က “မင်းကို ပြန်တွေ့ရတာ ဝမ်းသာပါတယ်။  တည်ငြိမ်မှုနှင့် တိုးတက်မှုကို သေ ချာစေရန်အတွက် ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရေး အရေးကြီးကြောင်း ၎င်းက နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

     အဆိုပါအစည်းအဝေးသည် ရေနံပူးပေါင်းဆောင် ရွက်မှု၊ အစ္စရေး-ဟားမတ်စ်စစ်ပွဲ အစီ အစဉ်အပေါ် နှင့် အရှေ့အလယ်ပိုင်းတွင် ပိုမိုသြဇာကြီးသော အခန်းကဏ္ဍမှ ပါဝင်ရန် ရုရှား၏ ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

     ထို့နောက် ပူတင်သည် ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman Al Saud နှင့်တွေ့ဆုံခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ၎င်းတို့၏ ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်သည်။

     ရုရှားရုပ်မြင်သံကြားတွင် ပြသထားသည့် မိတ်ဆက်မိန့်ခွန်းတွင် ပူတင်သည် ၎င်း၏ဖိတ်ကြားမှုအတွက် အိမ်ရှေ့မင်းသားကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး MBS မော်စကိုသို့ လာရောက်လည်ပတ်ရန် မူလက မျှော်လင့်ထားသော် လည်း “အစီအစဉ်များ အပြောင်းအလဲများ ရှိပါသည်” ဟု ပြောကြားခဲ့သည်။

    ၎င်းတို့၏နောက်ထပ်အစည်းအဝေးကို မော်စကိုတွင် ကျင်းပသင့်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး “ကျွန်ုပ်တို့၏ ချစ်ကြည်ရင်းနှီးသောဆက် ဆံရေးကို မည်သည့်အရာကမှ တား ဆီးနိုင်မည်မဟုတ်ပေ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

     ရေနံတင်ပို့သောနိုင်ငံများအဖွဲ့ (OPEC) နှင့် ရုရှားဦးဆောင်သော မဟာမိတ်များက ရေနံဈေး နှုန်းများ ကျဆင်းလာပြီးနောက် ဆော်ဒီအိမ်ရှေ့ မင်းသား ပူတင်နှင့် တွေ့ဆုံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

     ကြာသပတေးနေ့တွင် ပူတင်သည် မော်စကိုတွင် အီရန်သမ္မတ Ebrahim Raisi ကို လက်ခံတွေ့ဆုံမည်ဖြစ်သည်။  ၎င်းနောက် UAE က ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကို သောကြာနေ့နှင့် စနေနေ့တွင် ကြိုဆိုမှာ ဖြစ်ပါ သည်။

    ပူတင်၏ ရှားရှားပါးပါး ဒေသခရီးစဉ်သည် အီရန်နိုင်ငံ၌ အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီနှင့် တွေ့ဆုံခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လနောက်ပိုင်း ၎င်း၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

    ယူကရိန်းကလေးများကို ပြည်နှင်ဒဏ်ပေး သည်ဟု စွပ်စွဲကာ မတ်လတွင် နိုင်ငံတကာရာဇ ၀တ်တရားရုံး (ICC) က ၎င်းအား ဖမ်းဝရမ်းထုတ်ပြီးနောက် ရုရှားခေါင်းဆောင်သည် နိုင်ငံတကာခရီးအနည်းငယ် ထွက်ခဲ့သည်။

     UAE နှင့် ဆော်ဒီအာရေးဗီးယား နှစ်နိုင်ငံလုံးသည် ICC ၏ တည်ထောင်ခြင်းသဘောတူစာချုပ်ကို လက် မှတ်ထိုးထားခြင်းမရှိကြသည့်အတွက် ၎င်းတို့၏ နယ်မြေများအတွင်းသို့ ဝင်ရောက်လာပါက ဖမ်းဆီးရန် တာဝန်မရှိပါ။

      ဝိုင်းရံထားသော ဂါဇာကမ်းမြှောင်ကို အစ္စရေးက နှစ်လကြာ ဗုံးကြဲတိုက်ခိုက်ရာတွင် ပူတင်က စစ်ပွဲသည် အမေရိကန် သံတမန်ရေးရာ မအောင်မြင်မှုအဖြစ် ရှုတ်ချခဲ့သည်။  အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံစလုံးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကြောင့် မော်စကိုသည် ကြားဝင်ဖျန်ဖြေသူအဖြစ် ပါဝင်နိုင်သည်ဟု ၎င်းက အကြံပြုထားသည်။

      ပူတင်၏ အရှေ့အလယ်ပိုင်းခရီးစဉ်သည် ယူကရိန်းစစ်ပွဲအတွက် ပိတ်ဆို့အရေးယူမှုများမှတစ်ဆင့် မော်စကိုကို အထီးကျန်ဖြစ်စေရန် အနောက်နိုင်ငံများ၏ ကြိုးပမ်းမှုများ မအောင် မြင်ကြောင်း ပြသရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ် ပိုင်းလည်းဖြစ်သည်ဟု Aljazeera သတင်းဌာနက ဖော်ပြထားသည်။

#PAN