ဒီဇင်ဘာ ၇
ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်ရငွေ ၃၅ ရာခိုင် နှုန်းကိုသာ မြန်မာကျပ်ငွေနှင့် လဲလှယ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖြေလျှော့ပေး လိုက်ပါသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ဒီဇင်ဘာလ ၆ ရက်စွဲနဲ့ အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။
၎င်း အမိန့်ကြော်ငြာစာအရ ယခင်က ပို့ကုန်တင်ပို့သူများအနေနှင့် ပို့ကုန်တင်ပို့မှုက ရရှိသည့် ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းအစား ယခု ၃၅ ရာခိုင် နှုန်းကိုသာ မြန်မာကျပ်ငွေနှင့် လဲလှယ်ဆောင် ရွက်ရန် ပြင်ဆင်သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။
၎င်း အမိန့်ကြော်ငြာစာအရ ဒီဇင်ဘာလ ၆ ရက်မှ စတင်ပြီး အကျိုးသက်ရောက်စေမှာ ဖြစ်ပြီး အမိန့်ကြော်ငြာစာကို လိုက်နာခြင်း မရှိလျှင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခံရမည် ဖြစ်သည်ဟုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားပါသည်။
လက်ရှိမှာတော့ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ရာမှာ နိုင်ငံခြား ငွေလဲနှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ပေးမှာ မဟုတ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုသည်ဟုလည်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာလ ၅ ရက်တွင် ညွှန်ကြားထားပြီး ဖြစ်ပါ သည်။
ထို့အပြင် ပို့ကုန်တင်ပို့သူများက အနစ်နာခံဆောင် ရွက်နေရပြီး သွင်းကုန်တင်သွင်းသူများကသာ အကျိုး အမြတ်များရနေကြောင်း တင်ပြမှုများရှိသည့်အတွက် ၎င်းကိစ္စများကို တတ်နိုင်သမျှ ဖြေလျှော့ပေးနိုင်ရန် ကြိုးစားနေသည်ဟုလည်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီဇင်ဘာလ ၄ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားထားပါသည်။
#PAN