ဒီဇင်ဘာ ၆ ရက်နေ့ ကချင် ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ် ကိုင်းတိုင်းဒေသကြီးတို့အတွင်း တိုက်ပွဲသတင်းများ

ဒီဇင်ဘာ ၇

      အကြမ်းဖက်သောင်းကျန်းသူ KIA / KNPP/KNDF / KNLA နှင့် PDF အဖွဲ့များသည်  ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်း ဒီဇင်ဘာ ၆ ရက်နေ့တွင် တပ်မတော်စခန်းများ၊ မြို့များကို လာရောက်တိုက်ခိုက်ခဲ့ခြင်း၊ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ယမန်နေ့က ဖြစ် ပွားခဲ့သည့် တိုက်ပွဲနှင့် ဆက်စပ်သတင်းများကို မိမိ မြေပြင်သတင်း ထောက်များ၏ ပေးပို့လာမှုများကို ဖော်ပြအပ်ပါသည်။

■   ကချင်ပြည်နယ်၊ မိုးညှင်းမြို့ တက္ကသိုလ်ဝန်းကျင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား နံနက် ၁၀ နာရီ ခန့်တွင် KIA အဖွဲ့မှ Drone ၁ စီးဖြင့် Drop Bomb ၁ လုံးဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် တက္ကသိုလ်အနီး နွား ကျောင်းနေသော အရပ်သား ကျား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

■   ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ဝန်းကြီးအိမ်ယာ တိုက် ၆ လုံးနေရာသို့ နံနက် ၉ နာရီအချိန်ခန့်တွင်လည်းကောင်း၊ လွိုင်ကော်အကျဉ်းထောင်သို့ ညနေ ၆ နာရီအချိန်ခန့်တွင်လည်းကောင်း၊ KNPP/ KNDF အဖွဲ့အင်အား ၄၀ ခန့်က လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့​ကြောင်း၊ ထိခိုက်မှုမရှိကြောင်း သိရပါသည်။

■   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဝန်းကျင် နယ်မြေရှင်းလင်းနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်း ဖက် KKO(ခွဲထွက်)နှင့် PDF ပူး ပေါင်းအင်အား ၄၀ ခန့်တို့ ၃ ကြိမ်တိုင်တိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်အဖွဲ့တွင် ထိခိုက်ဒဏ်ရာရသူများရှိရာ သယ်ဆောင်ထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့မှ စစ်သည် ၂ ဦး ဒဏ်ရာရခဲ့သည်။

■   ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ နှုံးဘူးစခန်းအား နေ့လည် ၂ နာရီခန့်မှ ညနေ ၆ နာရီအထိ အကြမ်းဖက် AA အဖွဲ့မှ အင်အား ၁၅၀ ခန့်ဖြင့် Drone များအသုံးပြုပြီးလာရောက်တိုက် ခိုက်နေသဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူပြီး ပြန်လည်တိုက်ခိုက်လျက်ရှိကြောင်း၊ အကြမ်း ဖက် AA အဖွဲ့မှ ထိခိုက်မှုစုံစမ်းဆဲဖြစ်ပြီး ထိရောက်သည့် လေကြောင်းပစ်ကူကြောင့် AA အဖွဲ့များ နှုံးဘူးစခန်းအနီးရှိ လျှိုများအတွင်း ပုန်း အောင်းနေကြောင်းသိရသည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့ နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံ ရေးတပ်ဖွဲ့များသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် ကုန်းကြီးကျေးရွာအနီးရောက်ရှိစဥ်  အကြမ်းဖက် PDF အင်အား ၂၀ ခန်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရပါ သည်။ အဆိုပါတိုက်ပွဲတွင် အကြမ်း ဖက် PDF  ၄ လောင်း၊ အမ်-၂၂ သေနတ်  ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ အမ်-၂၂ ကျည် ၁၆ တောင့်၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ လက်လုပ်မိုင်း ၂ ခု၊ အိုင်ကွန် ၁ လုံး၊ ကျောပိုး အိတ် ၁ လုံး တို့အား သိမ်း ဆည်းရမိကြောင်း သိရပါသည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ နန်းကထိပ်ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့များနှင့် CDF အကြမ်း ဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် CDF ၇ လောင်း၊ လက်နက် ၇ လက်နှင့် ကျည်မျိုးစုံ ၃၂၄ တောင့် ရရှိခဲ့သည်ဟု သတင်းရရှိပါသည်။

#PAN