အစွန်းရောက်အကြမ်းဖက် PDF များက  ဆိတ်ကျောင်းသားကိုသတ်ပြီး ဆိတ်အကောင် ၇၀ ကျော်ကို ခိုးယူသွား

ဒီဇင်ဘာ ၆

       စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ယနေ့ မွန်းလွဲပိုင်းတွင် အစွန်းရောက် အကြမ်း ဖက်သမား PDF များက ဆိတ်ကျောင်းသားတစ်ဦးကို သတ်ဖြတ်ပြီး ဆိတ်အကောင် ၇၀ ကျော်ကို ခိုးယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

      သတ်ဖြတ်ခံရသူမှာ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာတွင်နေထိုင်သည့် ကိုဇော်ဦး (ဘ) ဦးဆယ်ရင် ဆိုသူဖြစ်ကြောင်း သိရပြီး ကြွယ်ပုံရွာ၏ အနောက် မြောက်ဘက် တောင်မြို့ကျေးရွာပိုင် နယ်မြေအတွင်း ဆိတ်ကျောင်းနေစဥ် PDF အကြမ်းဖက်များက သေ နတ်ဖြင့် လာရောက်ပစ် ခတ်ခဲ့ခြင်း ဖြစ်သည်။

      ထိုသို့ ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ကိုဇော်ဦးဆိုသူမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ကာ ၎င်းပိုင်ဆိုင်သည့် ဆိတ်ကောင်ရေ ၇၀ ကျော်ကိုပါ အဆိုပါ အကြမ်းဖက် PDF များက ခိုးယူသွားခဲ့ကြကြောင်း သိရှိရပါသည်။

#PAN