ရွှေကျင်မြို့နယ်မှ ဒေသခံပြည်သူ ၂ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး သတ်ဖြတ်ဟု သတင်းအတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ

ဒီဇင်ဘာလ ၆ ရက်

ကရင်ပြည်နယ်၊ ရွှေကျင်မြို့နယ်၊ မယ်ဝေါခီးကျေးရွာမှ ဒေသခံပြည်သူ ၂ ဦးအား ဒီဇင်ဘာလ ၃ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်၌ မဟုတ်မမှန်လုပ်ကြံရေးသားဖြန့် ဝေ လျက်ရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို လိုလား သည့် ဒေသခံတစ်ဦးတို့အား ဆက်သွယ် မေးမြန်းချက်များအရ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဆိုပါကျေးရွာနှင့် အနီးပတ် ဝန်းကျင်ကျေးရွာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားမှုမရှိကြောင်း၊ အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့များသာ ရံဖန်ရံခါ ဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ၎င်းတို့၏ တောင်းဆိုမှုများ ရရှိခြင်းမရှိပါက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လေ့ရှိကြောင်း သိရှိ ရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် နှင့် မြေပြင်ဖြစ်စဉ်သတင်းမှန်များကို ပြည်သူလူထုအထင်အမြင် လွဲမှားစေရန် ပြည်သူ များကို သတင်းအဆိပ်ခတ်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။

Source; CINCDS Myanmar

PAN