ယူကရိန်းက ကီလိုမီတာ ၁၀၀ အကွာအဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရန် စီစဉ်

ဒီဇင်ဘာ ၆

      ယူကရိန်းနိုင်ငံက ကီလိုမီတာ ၁၀၀ ကျော်အကွာအဝေးအထိ ကြားဖြတ်နိုင်စွမ်းရှိသော လေကြောင်းရန် ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရန် အစီအစဉ်များချမှတ်ထားကြောင်း ကာကွယ် ရေး ဝန်ကြီးဌာန တာ ဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အစိုးရပိုင် Ukrinform သတင်းအေဂျင်စီက ဒီဇင်ဘာ လ ၁ ရက်၌ သတင်းဖော်ပြထားကြောင်း သိရသည်။

      လာမည့်နှစ်တွင် ယူကရိန်းအနေဖြင့် ရွေ့လျားနိုင်သော လေယာဉ်ပစ် ဒုံးကျည်စနစ်များနှင့်အတူ ကီလို မီတာ ၁၀၀ ကျော် အကွာအဝေးအထိ ကြားဖြတ်နိုင်သည့် Koral အမျိုးအစား လေကြောင်းရန်ကာကွယ် ရေးစနစ်များ ထုတ်လုပ်ရေးကို အာရုံစိုက်သွားမည်ဟု ယူကရိန်း ဒုတိယ ကာကွယ်ရေး ဝန်ကြီး အိုက်ဗန် ဟာဗရီလုခ် က ပြောခဲ့သည်။

       ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနှင့် ပဋိပက္ခဖြစ်ပွားနေသည့်ကြားမှ ၂၀၂၄ ခုနှစ်အတွင်း ဒုံးကျည်များနှင့် လက်နက်ခဲယမ်းများ ဝယ်ယူရန် ယူကရိန်းငွေကြေး ရက်ဖ်နီယာ ၁၇၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံခန့်) ခွဲဝေအသုံးပြုမည်ဖြစ်ကြောင်း ဟာဗရီလုခ် က ဆိုသည်။

       Luch Design Bureau က ထုတ်လုပ်ထားသော Koral အမျိုးအစားသည် လေယာဉ်များ၊ ရဟတ်ယာဉ် များ၊ ခရုစ်ဒုံးကျည်များ၊ တာဝေးပစ်ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များကို ဖျက်ဆီးနိုင်သော လေ ယာဉ်ပစ် ဒုံးကျည်တစ်မျိုးဖြစ်သည်။ Koral ဒုံးကျည် ၏ရှေ့ပြေးပုံစံကို ၂၀၂၁ ခုနှစ်တွင် အများပြည်သူအား ပထမဆုံး ထုတ်ဖော်ပြသခဲ့သည်။

      လက်ရှိတွင် ယူကရိန်းနိုင်ငံသည် ဒုံးကျည်များနှင့် ဒရုန်းများရန်မှ ကာကွယ်ရေး အတွက် ပြည်ပမှ လေ ကြောင်းရန်ကာကွယ်ရေးစနစ်များကိုသာ အများဆုံးအသုံးပြုနေခြင်းဖြစ်ကြောင်း ဆင်ဟွာ သတင်း ဌာန ဖော်ပြချက်အရ သိရသည်။

#PAN