ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာအတွင်းသို့ တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှု ကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိဟု မဟုတ် မမှန် ဝါဒဖြန့်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ – ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာအတွင်းသို့ ဒီဇင်ဘာ ၅ ရက် ညနေ ၃ နာရီခွဲခန့်တွင် တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ဝါဒဖြန့်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရပါသည်။

အဆိုပါနယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ယင်းမာပင်မြို့နယ်အတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးအတွက် လုံခြုံရေးတာဝန်များကို နေ့ညမပျက်ထမ်းဆောင်လျက်ရှိ သော်လည်း ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်း တွင် အဆိုပါကျေးရွာအနီးဝန်းကျင်၌ မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုတစ်စုံတစ်ရာ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

လူသတ်အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် ကျေးရွာများအနီးတွင် ခိုအောင်း နေထိုင်ကြပြီး နယ်မြေအတွင်းတည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် ကျေးရွာများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက် ကြီးများဖြင့် အဝေးမှနှောင့်ယှက်ပစ်ခတ်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ လူသတ်အ ကြမ်းဖက် PDF အဖွဲ့များ၏ ပစ်ခတ်မှုများကြောင့်  ဒေသခံအချို့သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ မကြာခဏဖြစ်ပေါ် လျက်ရှိပြီး တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာများတွင် ၎င်း၏ ရက်စက်ယုတ်မာ သော လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့သလို မဟုတ်မမှန်သတင်းများကို ဝါဒဖြန့်ရေးသားဖြန့်ဝေကာ ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင်လွှဲမှားစေရေး ရည်ရွယ် ချက်ရှိရှိ ဝါဒဖြန့် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သတင်းရရှိသည်။