မြန်မာ့ ငရုတ်သီးနှံကို တရုတ်နိုင်ငံက တစ်ပိဿာကျပ် ၅,၀၀၀  နဲ့ စတင်ဈေး ပေးဝယ်ယူမှုတွေရှိနေ

ဒီဇင်ဘာ ၆

      ပြည်တွင်း ငရုတ်သီးဈေးကွက်တွင် ယခု ဒီဇင် ဘာလအတွင်း တရုတ်ဘက်မှ  မြန်မာနိုင်ငံမှ ငရုတ်သီးနှံကို တစ်ပိဿာ ငွေ ၅,၀၀၀ ကျပ်နှုန်းနှင့် စတင်ဈေး ပေးဝယ်ယူမှုများ ရှိနေသည်ဟု ငရုတ်ကုန်သည်များထံမှ သိရပါသည်။

       ပြီးခဲ့သည့် နိုဝင်ဘာလတတိယအပတ်တွင် အရောင်းဝယ်အေးကာ ဈေးငြိမ်နေသော်လည်း ယခု ဒီဇင်ဘာလထဲ၌ ငရုတ်သီးဈေးကွက်တွင် တစ်ပိဿာ ကျပ် ၁,၅၀၀ မှ ၃,၀၀၀ ဝန်းကျင်ပေါက်ဈေး ရှိရာမှ ယခုရက်ပိုင်းတွင် ငရုတ်သီးကို တရုတ်ဘက်မှ တစ်ပိဿာ ကျပ်  ၅,၀၀၀ နှင့် ကြမ်းခင်းဈေးဖွင့် ဝယ်ယူနေသည်ဟု သိရပါသည်။

      ထို့ကြောင့် ငရုတ်သီးဈေးကွက်အနေထားအရ တရုတ်နိုင်ငံဘက်မှ ၀ယ်လိုအားရှိလာငည့်အတွက် ဈေးမြင့်လာနိုင်သည့်အပြင် ထိုင်းနိုင်ငံဘက်မှ ငရုတ် သီးလိုအပ်ချက်ရှိသည့် ရာသီဖြစ်လာခြင်းကြောင့် မြန်မာနိုင်ငံမှ အဝယ်များ စတင်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်း ငရုတ်ကုန်သည်များက ပြောပါသည်။

       လက်ရှိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့  ငရုတ်သီးတင်ပို့ရာ၌ မန္တလေး – ကျိုင်းတုံ – မိုင်းလား လမ်းပိုင်းမှ ကုန်ကားများနှင့် သွားလာကာ သယ် ယူပို့ဆောင်နေရခြင်းဖြစ်ပြီး မူလလမ်းကြောင်းကနေ တင်ပို့ရခြင်းထက် အခက်အခဲ အနည်းငယ် ရှိနေသည်ဟု သိရပါသည်။

      ငရုတ်စိုက်ပျိုးမှုကို  ပြည်တွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသအသီးသီးတို့တွင်  စိုက်ပျိုးသူများပြားလာပြီး ဧရာဝတီတိုင်းဒေသကြီးမှ လာမည့် ဖေဖော်ဝါရီလတွင် ငရုတ် သီးနှံ လှိုင်လှိုင်ထွက်ပေါ်လာမှာ  ဖြစ်သည်ဟု သိရပါသည်။

#PAN