ပြည်တွင်းသုံးစွဲရန်လိုအပ်သောစက်သုံးဆီများ အလုံအလောက်ရှိကြောင်းနှင့် ကောလာဟလသတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူရန်မလိုကြောင်း သတင်းထုတ်ပြန်

ဒီဇင်ဘာ ၆

       သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal ၊ Max Terminal ၊ MMTM Terminal Brighter Energy Terminal i PSW Terminal Regency SPC Terminal
များအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal များမှ စက်သုံးဆီများအား ဆီသယ်ယာဉ်များဖြင့် ရန်ကုန် တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီသယ်ယာဉ် (Bowser)များဖြင့် နေ့ညမရွေး အဆက် မပြတ်ဖြည့်တင်း သယ်ယူပို့ဆောင် ဖြန့်ဖြူးလျက်ရှိရာ ၅-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင် (၃,၃၉၁)ဆိုင်သို့ ဆီသယ်ယာဉ်(Bowser) ၁၇၂၉ စီးဖြင့် 92 Ron ဂါလန်(၉သိန်း၇သောင်းကျော်)၊ 95 Ron ဂါလန်(၂သိန်း၅သောင်းကျော်)၊ ဒီဇယ်ဆီဂါလန် ( ၆ သိန်း ၅သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ(၈သိန်း ၃သောင်းကျော်)အား ပို့ဆောင်ဖြန့်ဖြူးနိုင်ခဲ့ပြီး ၆-၁၂-၂၀၂၃ရက်နေ့တွင်လည်း အဆိုပါ Terminal များမှ စက်သုံးဆီများအား ဆီတင်ယာဉ်များဖြင့် အဆက်မပြတ်ဖြည့်တင်းပို့ဆောင်ပေးလျက်ရှိပါ သည်။

       ထို့အပြင် ပြည်ပမှ ဆီတင်သင်္ဘော(၁၀)စီး သည် ပင်လယ်ဝတွင်လည်းကောင်း၊ ဆီတင်သင်္ဘော(၃) စီးသည် သီလဝါဆိပ်ကမ်းဒေသရှိ Jetty များတွင်လည်းကောင်း အသင့်စောင့်ဆိုင်းလျက်ရှိပြီး သက် ဆိုင်ရာ Terminal များသို့ အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအခြေအနေတွင် အများပြည်သူများအနေဖြင့် ကောလာဟလသတင်းများကြောင့် စက်သုံးဆီပြတ် လပ်နိုင်သည်ဟုလည်းကောင်း၊ ကမ္ဘာ့ရေနံဈေးနှုန်းနှင့် စင်္ကာပူ MOPS ဈေးနှုန်းအခြေအနေတို့အရ ပြည်တွင်းစက်သုံးဆီဈေးနှုန်းပြောင်းလဲမည်ဟုလည်း ကောင်း စိုးရိမ်ပူပန်မှုများဖြင့် ပုံမှန်ပြည်တွင်းသုံးစွဲမှုပမာဏထက် ပိုမိုများပြားစွာဝယ်ယူနေကြသဖြင့် စက်သုံးဆီအရောင်းဆိုင်များ၏ ဖြည့်တင်းပေးနိုင်မှုစွမ်းအားနှင့်အညီ ပုံမှန်သုံးစွဲမှုပမာဏအတိုင်း စဉ်ဆက်မပြတ် စိတ်အေးချမ်းသာစွာဝယ်ယူနိုင်ပါကြောင်းနှင့် မိမိတို့လိုအပ်သည်ထက် ပိုမိုဝယ်ယူရန်မလိုအပ်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။

#PAN