ပုပ္ပါးတောင်ဒေသသည် မြန်မာ့ပထမဆုံး အမျိုး သားဘူမိဥယျာဉ်အဖြစ် မကြာမီ ထွက်ပေါ်လာမည်

ဒီဇင်ဘာ ၆

     မြန်မာနိုင်ငံအလယ်ပိုင်း၏ အိုအေစစ်ဖြစ်ပြီး ခရီး သွားများ စိတ်ဝင်စားရာ ပုပ္ပါးတောင်ဒေသသည် မြန်မာ့ပထမဆုံး အမျိုးသားဘူမိဥယျာဉ်အဖြစ် မကြာမီ ထွက်ပေါ်လာတော့မည် ဖြစ် ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါသည်။

      အမျိုးသားဘူမိဥယျာဉ် သတ်မှတ်ဖွဲ့စည်းနိုင်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့ ပူပေါင်းဆောင်ရွက်နေခြင်းဖြစ်ကာ ကမ္ဘာ့အဆင့်ယူနက်စကို စာရင်းဝင် ဘူမိဥယျာဉ်အထိ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရပါသည်။

       ယခင်ကတည်းက ရှိပြီးသားဖြစ်တဲ့ ဘူမိနေရာများကို ထိန်းသိမ်းလိုက်ခြင်းဖြစ်ပြီး ဝန်ကြီး ဌာနက ပိုင်ပိုင် နိုင်နိုင် အုပ်ချုပ်နိုင်သည့် နေရာ ၁၅ ခုကို ဘူမိဥယျာဉ်အဖြစ် ပြောင်းလဲရန် အဖွဲ့များ ဖွဲ့စည်းထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန် ရှိသူက ပြောပါသည်။ ဘူမိဥယျာဉ်သတ်မှတ်ခြင်းကြောင့် ကန့်သတ်မှုများ ရှိလာနိုင်မှာဖြစ်ပြီး ခရီး သွားများ စည်ကားလာမည့်အပြင် ဒေသခံများအတွက် အလုပ်အကိုင် ကောင်းမွန်ပြီး လူမှုစီးပွားဘဝ မြင့်မားလာမည်ဖြစ်ကြောင်း သိရပါသည်။

#PAN