နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်ရာတွင် ဈေး ကွက်အတွင်းMarket Rate အတိုင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုကြောင်း ဗဟိုဘဏ်က ထုတ်ပြန်

ဒီဇင်ဘာ ၆

     နိုင်ငံခြား‌ငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြား ငွေအရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း သတ်မှတ်ပေးခြင်းမရှိတော့ဘဲ ဖြစ်ပေါ်နေသည့် Market rate အတိုင်း ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်စွဲဖြင့်  ထုတ်ပြန်ထားသည်။

      နိုင်ငံခြား‌ငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များသည် နိုင်ငံ ခြားငွေကြေးဈေးကွက် (Online Trading) တွင် အ‌ရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကိုဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန်ဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးခြင်းပြုတော့မည် မဟုတ်ကြောင်း ဖော်ပြထားသည်။

     ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့် နိုင်ငံ ခြားငွေအား ပြည်ပသို့ လွှဲပြောင်းရာ၌ နိုင်ငံခြားသုံးငွေ ကြီး ကြပ်မှုကော်မတီက သတ်မှတ်ထားသည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရန်ဖြစ်ကြောင်း အကြောင်းကြားထားပါ သည်။

#PAN